******************************
မြန်မာနိင်ငံမှာ တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ဆိုတာကို အရင်က စစ်အာဏာရှင် ဘက်တော်သားတွေသာ ပြောဆိုခဲ့ရာမှ ယနေ့ ဆိုရင် ၈၈ မျိုးဆက်ကျောင်းသားတွေနှင့် အနောက်နိုင်ငံသား မြန်မာအရေး ကျွမ်းကျင်သူ ဆိုသူတွေတောင် ပြောဆိုသုံးနှုံးနေတာ ကြားမြင်နေရ၍ စိတ်မကောင်းပါ။ သမိုင်းအမှန်ကို တကယ် မသိတာလား ဒါမှမဟုတ် သူတို့ ကိုယ်နှိက်က စစ်အာဏာရှင် တွေနှင့် တစ်ဂိုဏ်းထဲ ဖြစ်နေပြီလား... စဉ်းစားစရာပါ။
... ၁၃၅ မျိုးဆိုတာ ဖက်ဒရယ် မလိုးလားတဲ့ မဟာဗမာ လူမျိုးကြီး မျိုးချစ် အင်အားစုတွေနဲ့ စစ်အာဏာရှင်တွေ အတွက်တော့ ပြည်တွင်းနဲ့ နိုင်ငံတကာက လူတွေကို မြန်မာပြည်မှာ တိုင်းရင်းသား များလွန်းတဲ့အတွက
အဲဒီ ၁၃၅ မျိုးထဲမှာ ချင်းအနွယ်နဲ့တင် သုံးပုံတစ်ပုံ ကျော် ၅၅ မျိုး ဖြစ်နေပါပြီ။ ချင်းလူမျိုးတွေ ကိုယ်တိုင်ကလည်း အဲ့ဒီ ၅၅ မျိုးဆိုတာ လက်ခံတာ မဟုတ်ပါ။ ချင်းလူဦးရေဟာ မြန်မာနိုင်ငံလူဦးရေ နှစ်ရခိုင်နူန်း မပြည့်ပါဘူး။ ကချင်ကိုလည်း ၁၂ မျိုးလုပ်ထားတယ်။ စာရင်းဖောင်းပွအောင် ကချင် ဆိုတာကိုတောင် လူမျိုးသီသန့် အနေနဲ့ ထပ်ဖြည့်ထားတယ်။ ကချင်ဆိုတာ ကချင်နွယ် ၆ မျိုးလုံးပေါင်းမှ ကချင်ဖြစ်တာ။ ဗမာလူမျိုး ကိုတောင် အမျိုးမျိုးခွဲထားလိုက်တေးတယ်။
(အင်ဂွန်ဂျာဝါ)
0 comments:
Post a Comment