2013-02-23
ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိဖို့အတွက် ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက် ဆန္ဒပြနေကြတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့အဖွဲ့ဟာ ဒီကနေ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က သံမှိုရွာကို ရောက်ရှိ နေပြီလို့ သိရပါတယ်။
သူတို့အဖွဲ့ဟာ ရန်ကုန်ကနေ လိုင်ဇာကို ထွက်ခွာလာတာ ဒီကနေ့ဆိုရင် တလနဲ့ ၂ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က စပြီး ပြည်တွင်း ငြိမ်းချမ်းရေး ဖေါ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ လမ်းလျှောက်ခဲ့တာ အခုဆိုရင် မိုင်ပေါင်း တစ်ထောင်ကျော် ခရီးပေါက်ခဲ့ပြီး ဖြစ်ပါတယ်။
ဒီအဖွဲ့က လမ်းလျှောက်သူတွေ အနေနဲ့ ကျန်းမာရေး အရ ကောင်းမွန်နေပေမဲ့ ခြေထောက်နဲ့ ပတ်သက်တဲ့ ဒဏ်ရာ အနာတရ ဖြစ်မှုတွေ အများဆုံး ကြုံတွေ့ခံစားနေရတယ်လို့ သိရပါတယ်။
Copy from - RFA Burmese
Sunday, February 24, 2013
ရန်ကုန်-လိုင်ဇာ လမ်းလျှောက်အဖွဲ့ အင်းတော်မြို့နယ် ရောက်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment