Saturday, February 2, 2013

ခရိုနီတွေ လူမှုရေး လုပ်လာကြပြန်ပြီဟု ဦးကျော်သူပြော

Friday, 01 February 2013

ဌာနအသီးသီးရှိ အာဏာရှိသူများနှင့် ပူးပေါင်းကာ ကိုယ်ကျိုး အတွက်ရှာကာ အများအကျိုးကို ပစ်ပယ် ထားတက်သော ခရိုနီများသည် ကိုယ်ကျိုးအတွက် မျှော်မှန်း၍ လူမှုရေးလောက နယ်ပယ်သို့ ၀င်ရောက် လာကြောင်း ဦးကျော်သူ ကပြောကြားသည်။

““ခရိုနီအုပ်စုထဲက လူတွေက ဒီကြားထဲမှာ နိုင်ငံရေးလောက ထဲကိုလည်း ၀င်နေတယ်။ လူမှုရေး  လောကထဲကိုလည်း ၀င်နေတယ်။ ဘာလို့ ၀င်တာလည်းလို့မေးရင် သူတို့ အနေချောင်ဖို့ သူတို့ဒီထဲကို ၀င်ပြီလေ ၊ လူမှုရေး လုပ်တယ်ဆိုရင် ပြည်သူလူထုက အားကိုးတယ်။ ပြည်သူလူထုက အားကိုးတယ်ဆို ရင် အင်အား ရှိတယ်လို့ထင်နေတယ်။ လူမှုရေး လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ဓာတ်က လူမှုရေး အတွက် ဘယ်လောက်ရှိလည်း လူမှုရေးအတွက် ကိုယ့်ရဲ့စိတ်ဓာတ် ကဘယ်လောက် အာမခံချက်ရှိ လည်းဆိုတဲ့ ဒီစိတ်ဓာတ်နဲ့ လုပ်ရမှာ ငွေနဲ့ပေါက်ပြီး လူမှုရေးလောကထဲကို ၀င်လို့မရဘူး။ ဒါတွေက မှား နေပြီ နိုင်ငံရေးဆိုလည်း နိုင်ငံရေး ငွေနဲ့ပေါက်ပြီး ၀င်တယ်။ သူတို့အဲလို လုပ်နေတဲ့အပေါ် မှာတော့ ဘာမှ မပြောချင်ဘူး။ သူ့သမိုင်းကို သူရေးမယ်။ သေတဲ့ အခါကျတော့ သိမှာပဲ၊ တစ်ချို့က ဗုဒ္ဓဘာသာ ဖြစ်ပြီးတော့ ဒီဘ၀မှာ ငါကောင်းကောင်းနေမယ်။ ကောင်းကောင်း စားသောက်ဖို့လည်း အရေးကြီးတယ်။ သေသွားပြီဆိုရင် နောက်ဘ၀ နောက်တစ်ကောင် ဖြစ်မယ်။ အဲဒီအတွေးအခေါ်တွေ ဒါတွေကြောင့် တစ်ကမ္ဘာလုံး ဒုက္ခရောက်နေတာ။ လှူတယ်ဆိုလည်း ပျက်ရမယ်။ မလိုအပ်တာကို ကဗျည်း ရေးထိုးချင်တယ်။ မလိုအပ် တဲ့နေရာကိုလည်း ကိုယ်အကျိုး စီးပွားအတွက် သိန်းတစ်ထောင် လှူတယ်ဆိုရင် နောက်က သိန်း ၄၊၅၊၆ ထောင်လောက် ရမယ့် မျှော်ကိုးချက်နဲ့ လှူတယ် ဒါတွေက
မှားနေပြီ။ တကယ်မြန်မာနိုင်ငံမှာလို အပ်နေတဲ့ နေရာတွေအများကြီး အဲဒီနေရာတွေကို လုပ်ပေးရမှာ”” ဟု ပြောကြားခဲ့သည်။

နာရေးကူညီမှု အသင်းအား နေ့စဉ်၊ လစဉ်၊ နှစ်စဉ်လာလှူသည် ငွေကြေးများကိုလည်း ကျန်းမာရေး၊ပညာရေး၊ သဘာဝဘေးနှင့် တခြားသော လိုအပ်သည့်နေရာ များသို့ ချင့်ချိန်၍ လှူဒါန်းနေကြောင်း သိရှိရသည်။

ဖြိုးအောင်

Copy from - The Hot News

0 comments: