မြန်မာအစိုးရ စစ်သား(၁၀)ဦး ငြိမ်းချမ်းရေး လိုလားကြောင်း ဆန္ဒ ထုတ်ဖော် ပြသတဲ့အနေဖြင့် ဗုံးဖောက်ခွဲ၍ သတ်သေ။ အစိုးရက ငြိမ်းချမ်းရေးကို အမှန်တ ကယ် မလိုလားသော လုပ်ဆောင်ချက်များ ကို တွေ့ရှိ သောကြောင့် ဒေါ့ဖုန်းယန် နှင့် လွယ်မောက်ယန် အကြား ခလားတောင်ခြေတွင် တပ်စွဲထားသော ခမရ-၃၈၉, ခမရ-၂၃၇, ခလရ- ၇၄ မှ ရဲဘော်(၁၀)သည် အောက်ခြေ ရဲဘော်များ ငြိမ်းချမ်းေ ရးကို လိုလားကြောင်း ဆန္ဒ ထုတ်ဖော်သည့် အနေဖြင့် ဖေဖေါ်ဝါရီလ(၂၄)ရက်နေ့မှာ ဗုံးဖောက် သတ်သေ သွားခဲ့ကြသည်။ ထိုဖြစ်စဉ်ကို ဘေးမှာတွေ့ခဲ့တဲ့ ရဲဘော်တဦးက ရွာထဲမှာ အရက်လာသောက် ရင်း အခုလို ပြောခဲ့ပါတယ်။
" သူတို့ ဗုံးမဖောက်ခင်ေ ပြာတာက ပြည်သူလူထုနဲ့ စစ်မှုထမ်းဟောင်းတွေတောင် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်နေတာ အစိုးရက ဘာလို့ မလိုက်လျောတာလဲ ငြိမ်းချမ်းရေးကို ငါတို့ အောက်ခြေ ရဲဘော်အနေနဲ့ လိုလားကြောင်း ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ် သတ်မယ်ဆိုပြီး ဗုံးကြီးကို အလယ်မှာထား ၀ိုင်း ထိုင်းပြီး မနက်
(၁၀)ယောက် သေသွားတယ် "
အခုဖြစ်စဉ်က ပြီးခဲ့တဲ့အပါတ်က ဗိုလ်ကြီးဟောင်း နေမျိုးဇင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး အဖွဲ့ကို လမ်းခရီးမှာ နှောက်ယှက်တာရယ်၊ ICRC အဖွဲ့ ပြန်လှည့်သွားရတဲ့ ကိစ္စတွေနဲ့ တိုက်ရိုက် ပါတ်သက် နေတယ်လို့ ဒေါ့ဖုန်းယန် ရွာသားများက ပြောဆို
(Min Htay)
0 comments:
Post a Comment