Tuesday, February 19, 2013

အသီးအရွက်များစားပြီး အဆိပ်ဖြစ်သူ အချို့ရှိသဖြင့် သတိပြုစားသုံးရန် လိုအပ်နေပြီ

ပိုးသတ်ဆေး အလွန်ကျွံ သုံးစွဲခင်း ၊ အရည်အသွေး ပြည့်မှီခြင်းမရှိသော ပိုးသတ်ဆေးတွေကြောင့် အသီးအရွက် အဆိပ်အတောက်ဖြစ်ရ....
 
February 16, 2013

ယခင်က အသီးအရွက်များ စားလျှင် အဆိပ်ပြေသည် ကျန်း မာသည်ဟု အများသိခဲ့သော် လည်း ယခုခေတ်တွင် အသီး အရွက်များစားသည့်အတွက် အဆိပ်အတောက်များ ဖြစ်နေကြောင်း သိရသည်။

ယင်းကဲ့သို့ အသီးအရွက် များစားသုံးရာမှ အဆိပ်အတောက် ဖြစ်ရခြင်း အကြောင်းအား စားသုံးသူ ကာကွယ်ရေး အသင်းမှ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားရာတွင် ““သုဝဏ်္ဏဘက်မှာ လင်မယားနှစ် ယောက်က သူတို့အိမ်မှာ ကိုက်လံ ကိုကြော်စားတယ်။ စားပြီးတော့ ၀မ်းသွားတယ်။ အော့အန်တယ်။ အဲဒီလိုဖြစ်လို့ ဆေးခန်း တစ်ခုကို သွားပြတော့ မသက်သာဘူး။ နောက် ဆေးခန်းတစ်ခုကို သွားပြလိုက်တော့မှ အသည်း လည်းရောင် သွားတယ်။ သည်းခြေအိတ်လည်း ရောင်သွားတယ်။ ဆရာဝန်က ပိုးသတ်ဆေး အဆိပ် သင့်တာလို့ ပြောတယ်။ နောက်တစ်ခုက သုဝဏ္ဏဈေးက လူပဲမြို့ထဲကို လာရင်းနဲ့ ထမင်းဆိုင် တစ်ဆိုင်က ကိုက်လံနဲ့ ကြက်ဥကြော်ထားတာကို ၀ယ်လာမိတယ်၊ ပြီးတော့ သူ အိမ်ပြန်ဖို့ ကားပေါ်လည်းတက် ရော ဇောချွေးတွေ ပြန်လာတယ်။ အဲလိုဖြစ်တာကို ရန်ကုန်ဆေးရုံ ကြီးကို သွားပြတယ်။ ဆေးတစ် လုံးထိုးပေးလိုက်တယ်။ မသက်သာဘူး။ မသက်သာလို့ အသည်း ဆရာဝန် တစ်ယောက်ဆီကို သွားပြလိုက်တော့မှ ဆရာဝန်က ပိုးသတ်ဆေးအ ဆိပ်သင့်တာလို့ ပြောတယ်။ အဲလိုကိုက်လံတွေ၊ ဂေါ်ဖီပန်းပွင့်တွေ၊ ကန်စွန်းရွက် တွေစားပြီး အဆိပ် သင့်တာတွေ နောက်ထပ် တော်တော်များများ ရှိသေးတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမှာ ဖြစ်တာကျတော့ ဂေါ်ဖီစားရင်းနဲ့ဖြစ်တာ။ လူနှစ်ယောက် သေတယ်။ ၃၀ လောက်က ဆေးရုံ တင်ထားရ တယ်””ဟု ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ဖြစ်ရခြင်းကို လည်း ဦးဗအုပ်ခိုင်က သုံးသပ် ပြောဆိုရာတွင် “ပိုးသတ်ဆေးတွေ ကို သုံးမယ်ဆိုရင် ပိုးသက်ဆေး ဖြန်းတဲ့ အသီးအရွက်တွေကို နှစ်ပတ်လောက်နေပြီးတော့မှ အခင်း ထဲကခူးပြီးတော့ ရောင်းရတယ်။ အခုလူတွေက ဘာမှနားမလည် တော့ဘူး၊ ပိုးသတ်ဆေး ဖြန်းထား တဲ့အသီးအရွက်တွေကို ၂ရက် နဲ့ခူးပြီးတော့ ရောင်းနေကြတယ်။ ပိုးသတ်ဆေးတွေကို သတ်မှတ် အချိုးအစားထက် ပိုသုံးတာ ဥပမာ ရေတစ်ဂါလံကို ပိုးသတ်ဆေးက ၁လီတာ ရေသန့်ဘူးအဖုံးနဲ့ ၁ဖုံး ပဲထည့် သုံးရမယ်ဆိုပါဆို့ အဲဒါကို သူတို့က ရေတစ်ဂါလံကို နို့ ဆီဘူးတစ်ဘူးလောက် ထည့်တာ၊ ၁လီတာ ရေသန့်ဘူးဖုံးနဲ့ လေးငါး ဆယ်ဖုံးထည့်လိုက်တာ။ အဲလို ပိုးသတ်ဆေးတွေ သတ်မှတ်ထားတာ ထက်ပိုသုံးမယ်ဆိုရင် အဲဒီအသီး အရွက်တွေကို စားတဲ့သူတွေက ပိုးသတ်ဆေး အဆိပ်သင့်နိုင်တယ်။

နောက်တစ်ခုကတော့ တားမြစ် ပိုးသတ်ဆေးတွေ၊ တရုတ်နိုင်ငံ ဘက်က တရားမ၀င် ၀င်ရောက် လာတဲ့ အရည်အသွေး မပြည့်မီတဲ့ ပိုးသတ်ဆေးတွေကို သုံးမိရင် လည်း အဲလိုပိုးသတ်ဆေး အဆိပ် သင့်တာတွေ ဖြစ်နိုင်တယ်”ဟု ပြောကြားခဲ့သည်။

ပြည်တွင်း၌ စိုက်ပျိုးထုတ် လုပ်လျက်ရှိသော အသီးအရွက် များတွင် ပိုးမွှားအန္တရာယ် မကျ ရောက်စေရန်အတွက် သုံးစွဲသည့် အမျိုးအစားအုပ်စုသည် ထိသေ ပိုးသတ်ဆေး၊ တစ်ဖက်ဖောက်ပိုး သတ်ဆေး၊ ပင်လုံးဖောက် ပိုးသတ်ဆေး ဆို၍ သုံးမျိုးသုံးစား ရှိပြီး ယင်းအနက်မှ ထိသေပိုး သတ်ဆေးသည် ပိုးသတ်ဆေး အဆိပ် မပြင်းသော်လည်း တစ် ဖက်ဖောက် ပိုးသတ်ဆေးနှင့် ပင် လုံးဖောက် ပိုးသတ်ဆေးသည် ပိုးသတ်ဆေး အဆိပ်ပြင်းကြောင်း ထို့ကြောင့် အသီးအရွက်များအား စားပါက ဆားရေနှင့် တစ်နာရီ ခန့်စိမ်ကာ ကြော်လှော်ချက်ပြုတ် စားသောက် သင့်ကြောင်းကို ဦးဗအုပ်ကခိုင်၏ ပြောကြား ချက်အရသိရသည်။
ဖြိုးအောင်

Copy from - The Hot News

0 comments: