ရန်ကုန်၊ ဖေဖော်ဝါရိ ၂၆။
ယနေ့ ကျရောက်သော ၆၆ နှစ်မြောက် မွန်အမျိုးသားနေ့ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ညနေ ၆ နာရီ၌ ကျင်းပခဲ့သည်။
အဆိုပါ မွန်အမျိုးသားနေ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

Photo by - The Hot News
အခမ်းအနားတွင် မွန်ဒေသဆိုင်ရာ တာဝန်ရှိသူများက မွန်စာပေအား ကျောင်းပညာရေးတွင် ပါဝင်လာရေးအတွက် အဓိကထား ပြောဆိုခဲ့ပြီး မွန်တိုင်းရင်းသားများအတွက် ဖယ်ဒရယ်သည် ခွဲထွက်ရေး မူဝါဒ မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း အဆိုပါ အခမ်းအနားတွင် ဒီမိုကရေစီ စနစ်အား ဖော်ဆောင် ရာတွင် အစိုးရနှင့် ပြည်သူပူးပေါင်း ပါဝင်ရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး အစိုးရမှလည်း ပြည်သူ အားကိုးနိုင်သော အစိုးရဖြစ်စေရန်နှင့် ပြည်သူကလည်း အစိုးရအားကိုးနိုင်သော ပြည်သူများ ဖြစ်ရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။
စူးရှ
ဓါတ်ပုံ - စူးရှ

သတင်းရင်းမြစ် - မြန်မာ့ခေတ်သတင်း
0 comments:
Post a Comment