Tuesday, February 19, 2013

လီဆူး ပြည့်သူ့စစ်ဖွဲ့ကာ လက်နက် တပ်ဆင်ပေးရန် ဗမာစစ်တပ်ကြိုးပမ်း

ပြည်သူစစ် အမြန်ဆုံး ဖွဲ့သင့်တဲနေရာက ဘင်ဂလီ အလုံးအရင်း နေ့စဉ်နဲ့အမျှ ကျုးကျော်ဝင်ရောက်နေတဲ  အနောက်ဘက်တခါး ဒေသမှာပါ...
...အမြန်ဆုံး ကာကွယ်ပေးပါ ....
February 19 ,2013
 
ကေအိုင်အို၊ ကေအိုင်အေကို အမြစ်ပြတ် ချေမုန်းရန်အတွက်၊ ဗမာ့တပ်မတော်၏ နောက်ဆုံး ကြိုးပမ်းချက် အနေဖြင့် ကချင်ပြည်နယ် အရှေ့မြောက်ဖက် ဖီမော် ဒေသတွင် လီဆူးတိုင်းရင်းသားများအား အစိုးရ စစ်တပ်မှ လက်နက် တပ်ဆင်ပေးပြီး ပြည်သူ့စစ် တပ်ဖွဲ့ကို ဖွဲ့စည်းပေးကာ အိမ်ကြက်ချင်း အိုးမဲသုတ် ခွတ်ခိုင်းမည့် အစီအစဉ်ကို ကာကွယ်ရေး ဦးစီးချုပ်မှ စီစဉ်ဆောင်ရွက် နေသည်။

ပြည်သူ့စစ် (လီဆူး) ဖွဲ့စည်းရန် ကာကွယ် ရေးဦးစီးချုပ်မှ ခွင့်ပြုခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ် အရှေ့မြောက်ဖက် ဖီမော် ဒေသတွင် ဖေဖ၀ါရီလကုန်တွင် လက်နက်များ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း



သိရပါသည်။

လီဆူးလူမျိုး လူငယ်အယောက် (၁၀၀) ကျော်ကို စုဆောင်းထားပြီး ဖြစ်ကြောင်း သိရပါသည်။ ဖေဖ၀ါရီလ ကုန်တွင် လက်နက် တစ်ရာကျော် ပေးပို့ရန် ကာချုပ် မှခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။

လီဆူး ပြည်သူ့စစ် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ကေအိုင်အို ကေအိုင်အေကို အမြစ်ပြတ် ချေမှုန်းရေး အစီအစဉ်တွင် အထောက်အကူ ဖြစ်ဖို့ရန် ဖြစ်နိုင်ကြောင်း သိရသည်။

ကချင် တိုင်းရင်းသား ညီနောင်များကြား သွေးခွဲ သပ်သျှို ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရပါသည်။

 
Copy from - Jinghpaw kasa

0 comments: