Friday, February 15, 2013

ဗမာလူမျိုးများရဲ့ နိုင်ငံရေး စံ များ

ဗမာလူမျိုးများရဲ့ နိုင်ငံရေး အတွေးအခေါ်များ မြစ်ဖျားခံရာ ဒေသကို စူးစမ်းလေ့လာထားသော နိုင်ငံရေးသမိုင်း သုတေသီ ဒေါက်တာ မောင်မောင်ကြီး ရဲ့ "Burmese Political Values" ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။

ဒေါက်တာ မောင်မောင်ကြီးဟာ ယခင် မန္တလေး သက္ကသိုလ်က သမိုင်း ပါမောက္ခ လုပ်နေရာက ဦးနေ၀င်း အစိုးရ ကို ဝေဖန်ခဲ့လို့ အလုပ်ဖြုတ်ခံရသူ ဖြစ်ပြီး၊ နောင်မှာ အမေရိကန် သက္ကသိုလ်တခုမှာ နည်းပြ ဆက်လုပ်ရင်း ၁၉၈၃ ခုနှစ်မှာ ဒီ စာအုပ် ကို ပြုစုခဲ့ပါတယ်။

ဒီစာအုပ်ဟာ ကြာခဲ့ပြီ ဆိုပေမယ့် ဒီနေ့ထိ အမြစ်သွယ်နေတဲ့ အာဏာရှင် အသိုင်းအ၀ိုင်း နဲ့ အာဏာရှင် စနစ်ကို သဘောမကျ သည့်တိုင် အာဏာရှင် အသိုင်းအ၀ိုင်းမှာ ၀င်ဆန့် ချင်သူ မြန်မာ နိုင်ငံသား များကို

မီးမောင်းထိုးပြ နေသလို မှန်နေဆဲပဲ ဖြစ်ပါတယ်။

ဒေါက်တာ အောင်ခင် မှ တခါ ကောက်နုတ်တင်ပြ ခဲ့ဖူးပါတယ်။ (http://goo.gl/QM263)

ဒေါက်တာ အောင်ခင် ကောက်နုတ် တင်ပြထားချက်မှ အချို့ကို ပြန်ပြီး ကောက်နုတ်ပြပါမည်။

(၁) ပုဂံခေတ်ကစပြီး အကြွင်းမဲ့ အာဏာ ရှင် စနစ်အောက်ကို ရောက်ရှိခဲ့သော ဗမာ့လူ့ဘောင်ဟာ ပါလီမန် ခေတ်ရှိခဲ့သော်လည်း အာဏာရှင် စနစ်ကို မစွန့်လွှတ်ခဲ့။ အာဏာရှင် စနစ် ဆက်လက်ရပ်တည် နေခြင်းဟာ ဗမာ ပြည်သူအများပိုင်း အဲဒီ စနစ်ကို မှန်တယ်ထင်ပြီး လက်ခံထားလို့သာ ဖြစ်တယ်။

(၂) ဗမာ မင်းများလက်ထက် သမိုင်းတလျှောက် ဗမာပြည်သူများဟာ ဘုရင်မင်းများကို အမွှန်းတင်မှု အမျိုးမျိုးတွေ့နိုင်ပေမယ့် လက်တွေ့မှာ ဘုရင်မင်းများကို ရန်သူမျိုး ငါးပါးမှာ ထည့်ထားတယ်။ အကြောင်းမှာ ဘုရင်မင်းများကိုသာ ဖါးသော အသိုင်းအ၀ိုင်းသာ ရှိပြီး၊ ဘုရင်မင်း အသိုင်းအ၀ိုင်းဟာ ပြည်သူများကို ကောင်းကျိုးထက် ဆိုးကျိုးပိုပေးသူ များဖြစ်တယ်။ ပြည်သူများကို အနိုင်အထက် ပြုမှုနဲ့ အုပ်ချုပ်ခဲ့တယ်။ အနောက်တိုင်း ဘုရင်များလို ဥပဒေ စံ နဲ့ မအုပ်ချုပ်ခဲ့။ ဘုရင်မင်းများရဲ့ နှုတ်မှ ထွက်သော စကားဟာ ဥပဒေ ဖြစ်ခဲ့တယ်။ ဘုရင်မင်းမှစ၍ နောက်လိုက်များ အဆင့်ဆင့် အောက်ခြေ ရပ်ရွာ အုပ်ချုပ်သူများအထိ ပြည်သူများကို ဒုစရိုက် ဂိုဏ်သား တဖွယ် အုပ်စုနဲ့ အနိုင်ကျင့်သူများ ဖြစ်တယ်။ အထက်ကိုသာ ဖါးပြီး အောက်ခြေကို အနိုင်ကျင့်ကြတယ်။ ကြာလာတော့ ပြည်သူများဟာ နိုင်ငံရေး ဆိုတာ သူတို့နဲ့ မဆိုင်၊ အုပ်ချုပ်သူ လူတန်းစား မင်းမှုထမ်း များအတွက်သာ ဖြစ်တယ်၊ ဆိုတဲ့ အတွေးများ အမြစ်စွဲလာတယ်။ အုပ်ချုပ်သူများကလဲ နိုင်ငံတော် ဆိုတာ သူတို့ ကိုယ်ပိုင် ပစ္စည်း၊ ပြည်သူအားလုံး နဲ့ မဆိုင်ဘူး လို့ သဘောထားလာတယ်။ မင်းမှုထမ်းများ မကောင်းမှန်းသိပေမယ့် မင်းမှုထမ်းတော့ လုပ်ချင်ကြတယ်။ အာဏာ ပါဝါ အတွက် ဖြစ်တယ်။

(၃) ဗမာဘုရင်မင်းများလက်ထက် ဥပဒေတော့ ရှိခဲ့ပေမယ့်၊ အုပ်ချုပ်ခံ လူတန်းစားများအတွက်သာ ဖြစ်တယ်။ မင်းမျိုးမင်းနွယ် နဲ့ မင်းမှုထမ်းများကို တရားစီရင်ဖို့ မဟုတ်။ အားလုံးကို ဥပဒေ အောက် တပြေးညီ တရားစီရင်ရမယ် ဆိုတာလဲ သာမန်ပြည်သူတွေ မသိခဲ့ပါ။ ဘုရင့်အာဏာ ကို တရား၏ မတရား၏ ဆိုပြီး ဘယ်သူကမှ မေးခွန်းမထုတ်ကြပါဘူး။ သဘာဝ လို့သာ ရှု့မြင်တယ်။

(၄) အင်္ဂလိပ်ခေတ်ဟာ မြန်မာ့အချုပ်အချာ အာဏာကျရှုံးခဲ့တယ် ဆိုပေမယ့်၊ ဥပဒေအတိုင်း အုပ်ချုပ်တတ်တဲ့ ဓလေ့ ကို ဗမာ့လူ့ဘောင်ထဲ သယ်ယူလာလို့ မြန်မာ ဘုရင်ခေတ်ထက် သာမန် ပြည်သူများရဲ့ လူနေမှုဘ၀ ပိုလုံခြုံပြီး အဆင်ပြေခဲ့တယ်။ မြန်မာ ဘုရင်များလက်ထက်မှာ ပြည်သူများဟာ ဘုရင်ထက် ချမ်းသာအောင်လုပ်ဖို့ ကြောက်ကြတယ်။ အင်္ဂလိပ်ခေတ်မှာ ဥပဒေ နဲ့ အုပ်ချုပ်ခဲ့တဲ့ သာဓက တခုက လုပ်ကြံမှုမှာ ပါဝင်တယ်လို့ သင်္ကာမကင်း ဖြစ်ခံရတဲ့ ငနိုင် ဆိုသူကို အင်္ဂလိပ် အရာရှိ တစ်ဦးက ရိုက်နှက်ညှင်းပန်းပြီး ဖြောင့်ချက်ပေးခိုင်းတဲ့ ကိစ္စကို ဗိုလ်မှူကြီး စလေဒင်က အင်္ဂလိပ် ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ် ဆီစာရေးသား ပေးပို့ခဲ့လို့ တရားရုံးက အဲဒီ ဖြောင့်ချက်ကို အသိအမှတ် မပြုတော့ပါဘူး။

(၅) ဘုန်းတော်ဘွဲ့တွေနဲ့ သူရဲကောင်းအမွှန်းတင်တဲ့ အစဉ်အလာ ဆန့်ကျင်ပြီး မြန်မာ့ နိုင်ငံရေး အတွေးအခေါ်ရဲ့ အားနည်းချက်တွေကို ဖေါ်ပြမှာမို့ မြန်မာ ပရိသတ် ကတော့ ကျေနပ်မှာ မဟုတ်ပါဘူး လို့ အမှာစာ မှာ ရေးသားထားပါတယ်။

 Copy from - Duwa Kachin

0 comments: