Tuesday, February 12, 2013

ဖေဖေါ်ဝါရီလ​(၁၃)ရက်နေ့​မှာဂျပန်နို​င်ငံရှိ မြန်မာသံရုံးေ​ရှ့တွင်ဆန္ဒြ​ပတောင်းဆို​လှုပ်ရှားမှု​ကိုပြုလုပ်ပါမ​ယ်

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ခင်ဗျာ...

အရပ်သား အသွင်ဆောင် စစ်တပိုင်း ဦးသိန်းစိန်အစိုးရ အား

၁။ ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊

၂။ တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်တဲ့ တရားစီရင်ရေး၊ မျှတတဲ့ တရားခွင်တွေ ပေါ်ပေါက်ရေး၊ ပြည်သူကို ဖိနှိပ်ရန် ပြဌာန်းထားသော မတရား ဥပဒေ ပုဒ်မများ အားလုံး အမြန်ဆုံး ဖျက်သိမ်းပေးရန်၊

၃။ ကချင်ဒေသအား နယ်မြေလု စစ်ပွဲဆင်နွှဲနေခြင်း စီမံကိန်းများအား ချက်ချင်း ရပ်ဆိုင်းပြီး၊ ကချင်တိုင်းရင်းသား အရေးကို စစ်မှန်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများဖြင့်  ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေးရန်၊ တို့အတွက်.....

ဂျပန်နိုင်ငံရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒဖေါ်ထုတ် တောင်းဆို လှုပ်ရှားမှုကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်ပါမယ်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ မည်သူမဆို လာရောက် ပူးပေါင်း ဆင်နွှဲနိုင်ပါကြောင်း နှိုးဆော် ဖိတ်ခေါ်လိုက်ပါတယ်။

နေ့ရက်။ ။(၁၃)ရက်၊ ဖေဖေါ်ဝါရီလ၊ ၂ဝ၁၃ခုနှစ် (ဗုဒ္ဓဟူးနေ)
အချိန် ။ ။ ညနေ ၃းဝဝ နာရီ မှ ၄းဝဝ နာရီထိ
နေရာ ။ ။ မြန်မာသံရုံး၊ ရှိနာဂါဝ၊ တိုကျို-ဂျပန်။

ဗကသ(နိုင်ငံခြားရေးရာကော်မတီ)
ဝ၉ဝ-၄၂၂၁-၁၉၈၈၊ဝ၈ဝ-၃၄၂၄-၂၇၅၉၊ဝ၈ဝ-၅၄၅၈-၉၆၉၄၊ဝ၈ဝ-၃၂၇၆-၁၁ဝ

0 comments: