Sunday, February 10, 2013

တိုကျိုတွင် ကျင်ပြုလုပ်သည့် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား


၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ(၁၀)ရက်။

(၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျို Toshima-ku Kumi Center,Hall တွင် ယနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆း၀၀ နာရီမှ စတင်၍ ဂျပန်နိုင်ငံရှိ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan မှ ဦးစီး ကျင်းပပြုလုပ်ခဲ့ပါသည်

အဆိုပါ အခမ်းအနားတွင် အပိုင်း ၂ပိုင်းခွဲကာ ကျင်းပပြုလုပ်ပြီး ပထမပိုင်း အစီအစဉ်တွင် ပင်လုံစိတ်ဓါတ် ပြည်ထောင်စုစိတ်ဓါတ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး စသည့် အကြောင်းအရာများကို ဂျပန်နိုင်ငံသို့ အထူးဧည့်သည်တော် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)၏ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင် မှ အကျယ်တ၀င့် ဟောပြေသွားခဲ့သည့်အပြင်   ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မှသာလျှင် စစ်မှန်သည့် ပြည်ထောင်စုကို တည်ဆောက်မည်ဖြစ်ကြောင်း ထောက်ပြ ပြောဆိုသွားခဲ့ပါသည်။

ဆက်လက်ပြီး မြန်မာ့ ဒီမိုကရေစီရေးကို ထောက်ခံအားပေးနေသော ဂျပန်ဒီမိုကရက်တစ်ပါတီ အထက်လွတ်တော်အမတ် Mr.Ishibashi MICHIHIRO  နှင့် ဂျန်ရောက် ဒီမိုကရေစီ အင်အားစုများ၏ ကိုယ်စားလှယ် ခေါင်းဆောင်များ တက်ရောက် အမှာစကား ပြောကြားသွားခဲ့ကြပါသည်။  

ဒုတိယပိုင်း အခမ်းအနား အစီအစဉ်မှာ ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဆို အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် သွားခဲ့ကြပြီး (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ညနေ ၉း၀၀ နာရီမှာ ပြီးဆုံးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum/ Ko Thar Htet

အောက်ပါလင့်တွင်လဲ မှတ်တမ်းပုံ ၀င်ရောက်ကြည့်ရှု့နိုင်ပါသည်။
http://www.facebook.com/#!/media/set/?set=a.461699863894946.102277.100001648083022&type=1

0 comments: