
၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ သြစတြေလျနိုင်ငံ ကင်ဘာရာမြို့ ရှိ မြန်မာသံရုံးရှေ့ မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲကို ဆစ်ဒနီ ၊ ကင်ဘာရာ နှင့် ဝါ့ဂါဝါဂါ အစရှိတဲ့ မြို့ များမှ Kachin Association of Australia, Australian Karen Organization, Mon National Council အစရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ MPU, NLD-LA Australia, ABSDF (Australia Branch) အစရှိတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုများ အပါအဝင် စုစုပေါင်းအင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
Copy from - Jade Land
0 comments:
Post a Comment