Wednesday, February 6, 2013

အသက်မပြည့်သေးသော မိန်းကလေးကို အတင်း ပေါင်းသင်း လက်ထပ်ယူတယ်။

ကိုယ်ဝန်ရလာတော့ စွန့်ပစ်လိုက်တဲ့ အဖိုးအရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး (မယားကြီးလည်း ရှိ၊ သူ့သမီး ဖြစ်သူကတောင် အသက်သုံးဆယ်လောက် ရှိ) ပြီး အသက် ဆယ်ခုနှစ်သမီး ကို မယားပြုကာ ယခု လသား အရွယ် ကလေးငယ် ဖြင့် အတိဒုက္ခ ရောက်နေရသည့် မှတ်တမ်းဖိုင် ဖြစ်ပါသည်။
 

 
 မိန်းကလေး ဧ။် ဂုဏ်သိက္ခာကို ထိခိုက်စေလိုသည့် သဘောမရှိပါ။ နစ်နာဆုံးရှုံးနေသည့် မြန်မာ့ သမီးမိန်းကလေး တဦး အဖြစ် ကျေးလက်နေ ပြည်သူတို့ ဘ၀ လက်ရှိ ဖြစ်စဉ်များစွာ အနက်မှ သာဓက တခု အနေဖြင့်သာ တင်ပြခြင်းဖြစ်ပါသည်။

မနေ့က ဖေဖေါ်ဝါရီလ ၇ ရက် နေ့လည်ပိုင်းက သွားရောက်တွေ့ဆုံ ခဲ့ခြင်းဖြစ်ပါသည်။ လောလောဆယ် အားဖြင့် လ သားအရွယ် သားကလေး အတွက် ကူညီထောက်ပံ့မှု ဘာမှ မရှိသောကျေးရွာ အုပ်ချုပ်ရေးမှူး အား ဥပဒေ အရ တိုင်ကြားလိုပါသော်လည်း မည်သူ့ထံ အကူအညီတောင်းရမှန်း မသိ ဖြစ်နေကြသည်။ အမျိုးသမီးချင်း ကိုယ်ချင်းစာစိတ်ဖြင့် နားလည်ပေးကြပါရန်နှင့် မည်သူ့ကိုမျှ ထိခိုက် နစ်နာစေလိုသော သဘောဖြင့် တင်ပြခြင်း မဟုတ်ကြောင်း တင်ကြို အသိပေးအပ်ပါသည်။

မိန်းကလေး မျက်နှာ ဖုံးကွယ် ပေးရန်၊ ယခုကဲ့သို့ တိုက်ရိုက် မတင်ပြသင့်ကြောင်း ဝေဖန်လာသူများကို ထို လသား ကလေးသူငယ်လေး အတွက် ဘာဆက်လုပ်သင့် ဘယ်လို ဘယ်သူက ကူညီပေးမည်လဲ ဆိုတာကို မေးမြန်းလိုပါသည်။

ထိုမိန်းကလေးသည် မိဘ ဖြစ်သူ အကြွေးနစ်နေသောကြောင့် သူ့ ဘ၀ ပေးဆပ်ခဲ့ရသော အပြစ်မဲ့သူဖြစ်သည်။

ကိုယ် ကို ရောင်းစား ခဲ့သူမဟုတ်ပါသဖြင့် သူ့ မျက်နှာ် ဖေါ်ပြရန် မ၀ံ့မရဲစရာမရှိပါဟု ထင်ပါသည်။ နစ်နာဆုံးရှုံးနေသော နိုင်ငံသား တဦးကို နိုင်ငံသားချင်း စိတ်ဓါတ်ဖြင့် လူသားခြင်း စာနာစိတ်ထားကာ မရားမှုတခုကို ဖေါ်ထုတ်ရင်း ရိုးသားစွာ ကူညီပေးခြင်းသာဖြစ်ပါသည်။

Nay Myo Zin အင်တယနက်စာမျက်နှာသတင်း

0 comments: