Tuesday, February 26, 2013

ငြိမ်းချမ်းရေး လိုလားသူများအား သိန်းစိန်စစ်တပ်မှ ဗုံးထောင်ကြိုဆို

ရက်စက်ပါပေကွယ်

 ငြိမ်းချမ်းရေး လိုလားသူ။ ဆောင်ရွက်သူများအား အစိုးရစစ်တပ်မှ မိုင်းထောင်လုပ်ကြံ
 
ဦးသိန်းစိန် အစိုးရနှင့် မင်းအောင်လှိုင် ဦးဆောင်သော ဗမာအစိုးရစစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များနှင့် ငြိမ်းချမ်းရေး လိုလားကြောင်း/သည် ဟုဆိုကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များ ပြုလုပ် နေသော်လည်း ဤ အချက်သည် နိုင်ငံတကာ နှင့် အများပြည်သူများ အား လိမ်ညာ လည့်ဖျားနေ ခြင်းတာ ဖြစ်တယ် ဆိုတာကို ဤဗီဒီယိုဖိုင် က ပိုမိုပေါ်လွင် (ထင်ရှား) အောင် သက်သေပြလိုက်ပါတယ်။


 ငြိမ်းချမ်းရေး လိုလားသူ (ဆောင်ရွက်သူ)၊ လက်နက်မဲ့ (ဗမာလူမျိုး) ပြည်သူတွေ (ကိုနေမျိုးဇင် တို့ အဖွဲ့)တွေ ကိုတောင် ဒီလို မိုင်းထောင်(လုပ်ကြံ)တယ်ဆိုတော့ ဒေသခံ ကချင် ရွာသားတွေကို အဲ့ဒီ ဦးသိန်းစိန်စစ်တပ် က ဘယ်လိုဆက်ဆံ မယ်ဆိုတာ ကိုတော့ တွေး တောင် မတွေးဝံ့ စရာ....။

 ငြိမ်းချမ်းရေး ဆောင်ရွက်သူတွေ ကို ဒီလိုမိုင်းထာင် လုပ်ကြံတဲ့ အစိုးရရဲ့ ပါးစပ်က ငြိမ်းချမ်းရေး လိုလားပါတယ် ဆောင်ရွက်နေပါတယ် လို့ထွက် တဲ့(တဖွဖွပြောနေတဲ့) စကားကို ဘယ်အချက် ကိုထောက်ပြီး ယုံကြည်ရမှာ လဲ......????????
(video-နေမျိုးဇင်)
 
Copy from - Lachid Kachin

0 comments: