ဟိုအရင်ကတော့ ရထားတွေကို ခဲနဲ့ပစ်တာ ကြားဖူးပါတယ်။ အခု ခဲနဲ့ အပစ်ခံရတဲ့ထဲမှာ အဝေးပြေး ခရီးသည်တင် ကားတွေ ပါလာပါပြီ။ ခဲပေါက် ခံရတာကို မကြာခဏ ဆိုသလို ကြုံနေရတယ် လို့ အဝေးပြေး မော်တော်ယာဉ်လိုင်း တခုက ဆိုပါတယ်။
၁၂-၂-၂၀၁၃ (ပြည်ထောင်စု)နေ့က ရန်ကုန်မြို့ကနေ နေပြည်တော်ကို သွားတဲ့ JJ Express အဆင့်မြင့် ယာဉ်လိုင်းက ယာဉ်အမှတ် ၆ဂ/၄၀၈၈ ခဲပေါက် ခံရတာပါ။
နေ့လယ် ၁၂း၀၀ နာရီက ထွက်လာတာ ၂း၃၀ အချိန် မှာပါ တဲ့။ မိုင်တိုင်အမှတ် ၉၀/၆ အရောက်မှာ လမ်းဘေးကနေ လူတဦး လောက်လေးခွနဲ့ ပစ်ခတ်ခဲ့လို့ လေကာမှန်ကို ထိတယ်၊ မှန်စတွေလည်း ကားမောင်းသမားကို ထိမှန် ခဲ့တယ်လို့ သိရပါတယ်။

ခဲမှန်ခံရတဲ့ကား
“ကျွန်တော်တို့ ကားကို ခဏရပ်ပြီး ခရီးသည်တချို့နဲ့ ပစ်တဲ့လူကိုဆ င်းရှာကြသေးတယ် ၊ တောထဲ ၀င် ပြေးသွားတယ်၊ ကျွန်တော်တို့လည်း ဆက်မလိုက်တော့ဘဲ ၁၁၅ မိုင် ယာဉ် ရပ်နားစခန်းက လုံခြုံရေးတွေကို အကြောင်းကြားခဲ့တယ်။ ဒီလို အပစ်ခံရတာ ကျွန်တော်တို့ ယာဉ်လိုင်း တခုတည်း မဟုတ်ဘူး၊ တခြား ယာဉ်လိုင်းတွေလည်း အပစ်ခံ နေရတယ်” လို့ JJ Express တာဝန်ရှိသူ တဦးက ပြောပါတယ်။
ကားပေါ်မှာ လိုက်ပါတဲ့ ခရီးသည် တွေကလည်း ဒီလိုမျိုးတွေ ဆက်ဖြစ်မှာကို စိုးရိမ် နေကြပါတယ်။ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ယာဉ်လိုင်း တချို့က အာဏာပိုင်တို့ကို အကြောင်းကြား ခဲ့ကြပေမဲ့ ဒီနေ့အချိန် ထိ ထိရောက်တဲ့ အရေးယူမှုတွေ မတွေ့ရသေးဘူးလို့ သိရပါတယ်။
ခရီးသည် တဦးကတော့
“သာမန် ခရီးသွားတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူးလား၊ အကောင်ကြီးကြီးရဲ့ဆွေမျိုးေ တွ၊ သားသမီးတွေ ထိတော့မှပဲ အရေးယူ တော့မှာလား” လို့ ဝေဖန် ပြောဆိုပါတယ်။
ရှည်လျားတဲ့ အဝေးပြေး လမ်းမကြီးတလျှောက်၊ ရထားလမ်း တလျှောက် ခဲနဲ့ပေါက်သူတွေကို ခြေရာခံဖို့ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
တခြားနိုင်ငံ တွေမှာရော ဒီလိုဖြစ်ရပ်တွေ ရှိသလား၊ ဘယ်လို ဖြေရှင်းကြသလဲ?
ခဲပေါက်သူ၊ လောက်လေးခွ ပစ်သူတွေဟာ ဘယ်လို လူတွေလဲ။ သူတို့နဲ့ ရထား၊ ကားတွေကြားမှာ ဘာများ ရန်စ ရှိထားလို့လဲ။
မြန်မာပြည် ရထားလမ်း၊ ကားလမ်းဘေး နှစ်ပေါင်းများစွာ အမြစ်တွယ်သလို ဖြစ်နေတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ နှစ်အတန်ကြာ အချိန်ယူရဦးမယ်လို့ ထင်ပါတယ်။
စုံစမ်းဖော်ထုတ် အရေးယူမှုများအပြင် တခြား နည်းလမ်းတွေနဲ့လည်း ပူးပေါင်း ဖြေရှင်းကြရမယ်၊ အချိန်ယူ လုပ်ဆောင်ရမယ်လို့ ယူဆပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
“ကျွန်တော်တို့ ကားကို ခဏရပ်ပြီး ခရီးသည်တချို့နဲ့ ပစ်တဲ့လူကိုဆ င်းရှာကြသေးတယ်
ကားပေါ်မှာ လိုက်ပါတဲ့ ခရီးသည်
ခရီးသည် တဦးကတော့
“သာမန် ခရီးသွားတွေ ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူးလား၊ အကောင်ကြီးကြီးရဲ့ဆွေမျိုးေ
ရှည်လျားတဲ့ အဝေးပြေး လမ်းမကြီးတလျှောက်၊
တခြားနိုင်ငံ တွေမှာရော ဒီလိုဖြစ်ရပ်တွေ ရှိသလား၊ ဘယ်လို ဖြေရှင်းကြသလဲ?
ခဲပေါက်သူ၊ လောက်လေးခွ ပစ်သူတွေဟာ ဘယ်လို လူတွေလဲ။ သူတို့နဲ့ ရထား၊ ကားတွေကြားမှာ ဘာများ ရန်စ ရှိထားလို့လဲ။
မြန်မာပြည် ရထားလမ်း၊ ကားလမ်းဘေး နှစ်ပေါင်းများစွာ အမြစ်တွယ်သလို ဖြစ်နေတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ နှစ်အတန်ကြာ အချိန်ယူရဦးမယ်လို့ ထင်ပါတယ်။
စုံစမ်းဖော်ထုတ် အရေးယူမှုများအပြင် တခြား နည်းလမ်းတွေနဲ့လည်း ပူးပေါင်း ဖြေရှင်းကြရမယ်၊ အချိန်ယူ လုပ်ဆောင်ရမယ်လို့ ယူဆပါတယ်။
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment