Friday, February 15, 2013

လက်ရှိ ကာချုပ်မင်းအောင်လှိုင်သည် ခိုင်းတာပဲ လုပ်တတ်ပြီး ထူးခြားသိသာသော အရည်အချင်းများ မရှိဟုဆို

သန်းရွှေနှုတ်မိန့်ကို နားမထောင်နှိုင်ဟု အကြောင်းပြန်သော သူရမင့်အောင်

 
လက်ရှိ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်သည် ခိုင်းတာပဲ လုပ်တတ်ပြီး စစ်ရေးစွမ်းရည် နှင့် အုပ်ချုပ်ရေး စွမ်းရည်တို့တွင် သိသာထူးခြားသော အရည်အချင်းများမရှိဟု ယခင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစု အသိုင်းအဝန်းနှင့် နီးစပ်သူများမှ တီးတိုးမှတ်ချက်ချသည့် ပုံစံမျိုးနှင့် သတင်း ထွက်ပေါ်လာသည်။

အမှန်တွင်လည်း သန်းရွှေသည် သူတီထွင်ထားသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဆိုသည့် ရာထူးအတွက် ဗိုလ်ချုပ်ကြီး သူရရွှေမန်းအား နေရာချထားပေးမည်ဟု မက်လုံးများ ပေးကာ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် အားပြိုင်စဉ်ကာလက သန်းရွှေဖက် အလေးသာရန် ဆွဲဆောင်

စည်းရုံးမှုများရှိခဲ့သည် . . .

တကယ်တော့ သန်းရွှေ မယုံကြည်ဆုံးသူက ရွှေမန်းသာ ဖြစ်တော့သည် . . . ကတိစကားများကို နှစ်သိမ့်ရန်အတွက် ငါတို့က အသက်ကြီးပါပြီ . . နောက်လူတွေကို နေရာပေးလိုက်တာပဲ ကောင်းပါတယ် . . . မင်းက ကာကွယ်ရေး ဦးစီးချုပ်နေရာထက်စာရင် နိုင်ငံတော် သမ္မတနေရာကသာ မင်းနဲ့ထိုက်တန်ပါတယ် . . လို့ သန်းရွှေက ရွှေမန်းကို ယူနီဖောင်းချွတ်ဖို့ စည်းရုံးသည် . .

ကာကွယ်ရေး ဦးစီးချုပ်နေရာကို အပတ်စဉ် ၁၈ ဆင်း သူရမြင့်အောင် နှင့် ဒုချုပ်နေရာကို ကိုကို တို့ကို တပ်တွင်း အမိန့်ဖြင့် လျာထားသည် . .

သူရမြင့်အောင်က လူမှန်လို့ တပ်ထဲမှာ အပြောများသည် . . မြင့်အောင်နေရာကို ဝေဖန် စောကြောမည့်သူ မရှိ ရွှေမန်းကိုယ်တိုင်ကလည်း ထောက်ခံသည် . .

သို့နှင့် အနားယူတော့မည်ဟု လေသံပေးနေသော သန်းရွှေက သူအနားမယူခင် သူ့နေရာကို ကိုင်လှုပ်နိုင်သူများကို အရင် အနားပေးလိုက်သည် . . .

တရုတ်ပြည်သို့ သန်းရွှေ ခေတ္တသွားပြီးအပြန် တရုတ်နှင့်လျှို့ဝှက် လက်ဝါးချင်း ရိုက်ခဲ့သော ကိစ္စများရှိလာသည် . .

ကာကွယ်ရေး ဦးစီးချုပ်နေရာအတွက် လျာထားထားသော သူရမြင့်အောင်နှင့် ကိုကို အတွဲ နေရာတွင် မင်းအောင်လှိုင်နှင့် စိုးဝင်း အတွဲဖြင့် နေရာ အစားထိုးရန် ဖြစ်သည် . .

မင်းအောင်လှိုင်မှာ အပတ်စဉ် ၁၉ ဆင်းဖြစ်သည် . .

တပ်တွင်း လျာထားစာရင်း ထုတ်ထားသော သူရမြင့်အောင်နှင့် ကိုကို အတွဲနေရာတွင် မင်းအောင်လှိုင်နှင့် စိုးဝင်းအတွဲဖြင့် အစားထိုးမည်ဟု နှုတ်မိန့် ထွက်လာသည် . .

မြင့်အောင်ကို ကာကွယ်ရေးဝန်ကြီးနေရာ နှင့် ကိုကို ကို ပြည်ထဲရေးဝန်ကြီးနေရာ လျာထားသည် . .

သန်းရွှေနှုတ်မိန့်ကို နားမထောင်နှိုင်ဟု အကြောင်းပြန်သော မြင့်အောင်ကို ရာထူးမှချကာ ထိန်းသိမ်းလိုက်သည် . . ဒီနည်းနဲ့ တပ်ကို မလှုပ်ရဲအောင် သန်းရွှေက ပညာပြလိုက်သည် . .

မင်းအောင်လှိုင် တစ်ယောက် ကာချုပ်ရာထူး ရလာသည် . . စိုးဝင်း ဒုချုပ်ဖြစ်လာသည် . .

သမ္မတဖြစ်ရစေ့မယ်လို့ အာမခံချက်ရထားသော ရွှေမန်းကိုလည်း သမ္မတနေရာ မပေးပဲ လွှတ်တော်သို့ပို့လိုက်သည် . .

အာဏာ လက်မလွှတ်ချင်တဲ့ သန်းရွှေကြီးရဲ့ အာဏာစွန့်ခါနီး နောက်ဆုံး ရွှေ့တဲ့အကွက်လို့ အားလုံး နားလည်လိုက်သည် . .

သန်းရွှေက ဗမာ့တပ်မတော်ကို အပိုင်စီထားပြီး ဖြစ်သည် . . သူ့ကိုယ်ပိုင် အိတ်ဆောင်တပ်လို သဘောထားကာ လုပ်ချင်ရာ လုပ်နိုင်သည် . .

တပ်ထဲက စစ်ဗိုလ်တွေကို နေရာတကာ ငါတို့မပါရင် မပြီး ငါတို့ကသာ ဗမာပြည်မှာ အတော်ဆုံး အတတ်ဆုံးဖြစ်သည်ဟု မတန်မရာ မာန်တက်အောင် မြှောက်ပေး ထားသော်လည်း သန်းရွှေ ရှေ့ရောက်ရင် တုတ်တုတ် မလှုပ်ရဲအောင်လည်း ခြောက်ထားသည် . .

မြှောက်စား ခြောက်စား ပညာများဖြင့် အလွန်တော်ပေစွ သန်းရွှေ . .

အခုလည်း သန်းရွှေ ငါမအိုသေးဟု ကြွေးကြော်နေသည် . . စစ်တပ်ကို ကိုင်လှုပ်နိုင်သော အာဏာသည် သန်းရွှေ လက်ထဲတွင်သာ ရှိသည်ဟု အားလုံး သဘောပေါက်ထားသည် . .

သန်းရွှေ ဘာကြံနေသလဲ ဘာအကွက်ရွှေ့မလဲမသိ . . . မင်းအောင်လှိုင်အပေါ် ဖိအားပေးချင်တာလား တကယ် လုပ်တော့မှာလားမသိ . . ကောလဟာလတွေ ထွက်လာသည် . .

မင်းအောင်လှိုင်မှာ အရည်အချင်းတွေ ထင်သလောက်မရှိ ဟု နောက်ကွယ်က တီးတိုး စကားများ ထွက်လားသည် . . .

ငါတို့ဗမာပြည်က ကံခေလွန်းသည်။


Copy from - Ahman Tayar


0 comments: