Friday, February 15, 2013

ALD ဥက္ကဌ ဦးအေးသာအောင် ဂျပန်ခရီးစဉ်ပြီးဆုံး

 
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်။

ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း- ဂျပန် ( AUN-Japan )မှ စီစဉ်ဖိတ်ကြားမှုဖြင့် ALD ဥက္ကဌ ဦးအေားသာအောင်၏ တပတ်ကြာ ဂျပန်နိုင်ငံ ခရီးစဉ်ပြီးဆုံးပြီး မနက်ဖြန် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွါမည် ဖြစ်ပါသည်။
 
ဂျပန်ခရီးစဉ်တွင် AUN-Japan မှ ကျင်းပသည့် (၆၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည့်အပြင် ဂျပန်အစိုးရ တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံ အားပေးသည့် လွတ်တော်အမတ်များနှင့် မြန်မာ့အရေး အားပေးကူညီသည့် ဂျပန် NGO များတို့ကိုပါ သွားရောက်တွေ့ဆုံပြီး လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အခြေအနေနှင့် တိုင်းရင်းသားတို့ကို သွားရောက် ဆွေးနွေး တင်ပြနိုင်ခဲ့ပါသည်။
ဂျပန်လွတ်တော် အဆောက်အဦးရှေ့ အမှတ်တရ
ဂျပန်ဆောင်းရာသီ ဖေဖေါ်ဝါရီလမှာ အလွန်အေးသည့် ရာသီကိုအန်တုပြီး ကျမ္မာရေး မကောင်းသည့်ကြာမှာ မနားမနေ  အချိန်တိုအတွင်းမှာ တိုင်းရင်းသားအရေးတို့ကို သွားရောက် ဆွေးနွေး တင်ပြနိုင်ခဲ့သည့် ဆရာအား အထူးကျေးဇူးတင်သလို ဆရာ၏ ခရီးစဉ်တလျှောက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသော ALD(Exile)Japan အဖွဲ့ဝင်များအား AUN -Japan ကိုယ်စား အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ပြည်ထောင်စုနေ့ ကျင်းပရေးကော်မတီ(ဂျပန်)
(ကိုယ်စား)
မိုင်းကျော်ဦး

0 comments: