
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA က ကြားဝင် ဆောင်ရွက်ပေးမယ် လို့ ဖိတ်ခေါ်ထားကြောင်း ၀ပြည်သွေးစည်း ညီညွှတ်ရေးအဖွဲ့ UWSA က ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။
နှစ်ဖက် စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး အပစ်ခတ်ရပ်စဲနိုင်ဖို့အတွက် UWSA ဌာနချုပ် ပန်ဆန်းမှာ ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
UWSA အဖွဲ့က ပေးပို့တဲ့အဆိုပြုလွှာကို ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆေ
KIO အဖွဲ့ကတော့ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုကို တဖွဲ့ချင်းမဆွေးနွေးပဲ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ ဆွေးနွေးဖို့ အစိုးရဖက်ကို အကြောင်းပြန်ထားပါတယ်။ အဲဒီအချက်အပေါ် UWSA အနေနဲ့မူအားဖြင့် သဘောတူပေမဲ့ UNFC ဟာ ထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခု ဖြစ်နေတာကြောင့် နိုင်ငံခြားမှာ ဆွေးနွေးမဲ့ကိစ္စကို မလိုလားကြောင်း မိမိပြည်တွင်းရေးကိစ္စကို ပြည်တွင်းမှာသာ ဆွေးနွေးဖို့ UWSA က အကြံပြုထားတယ်လို့ ဆိုပါတယ်။
Copy from - RFA Burmese
0 comments:
Post a Comment