Wednesday, January 9, 2013

SNLD ဥက္ကဋ္ဌ ခွန်ထွန်ဦး ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်

SNLD ဥက္ကဋ္ဌ ခွန်ထွန်ဦး ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်
----------------------------------------------------------

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာခဲ့သော 
Open Society Foundation ကို တည်ထောင်ထားသူ အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်သည် ဇန်နဝါရီလ (၇) ရက်နေ့ 
နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးအား လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ခွန်ထွန်းဦးက လက်ရှိဖြစ်ပေါ်နေသော ရခိုင်အရေး
အခင်း ကိစ္စ၊ ကချင်လက်နက်ကိုင်အဖွဲ့များနှင့် စစ်ပွဲများဖြစ်ပွားနေသော ကိစ္စ၊ တိုင်းရင်းသားအရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို ရှင်းလင်း
တင်ပြခဲ့ပါသည်။ ထို့ပြင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် မကျင့်သုံးသေးသရွေ့၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းသေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေးသည် ရနိုင်မှာမဟုတ်
သေးကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုးပမ်းဆောင်ရွက်
လျှက်ရှိသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း SNLD ပါတီအနေဖြင့် ကူညီဆောင်ရွက်
လျှက်ရှိကြောင်း ပြောဆိုခဲ့သည်။

ယခုတွေ့ဆုံပွဲသို့ SNLD ပါတီမှ ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ဒုဥက္ကဋ္ဌ စိုင်းစောအောင်၊ ပညာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဌာနမှ ဌာနမှုး စိုင်းဆမ်ဖွဏ်ဆိုင်တို့ တက်ရောက်ခဲ့ပါသည်။ Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့အတွက် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်
လျက်ရှိပြီး ဂျော့ဆိုးရော့စ်အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်း
ခဲ့ကြောင်း သိရသည်။ ယခု ၎င်း၏ မြန်မာပြည်ခရီးစဉ်မှာ သတင်းအချက်
အလက် လာရောက်ရယူသည့် ခရီးစဉ်ဖြစ်ဖွယ်ရှိပြီး အခြား နိုင်ငံရေး
အဖွဲ့အစည်းများကိုလည်း ဆက်လက်တွေ့ဆုံသွားမည်ဟု သိရှိရပါသည်။

Shan Nationalities League for Democracy

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ရောက်ရှိလာခဲ့သော Open Society Foundation ကို တည်ထောင်ထားသူ အမေရိကန် ဘီလျံနာသူဌေးကြီး ဂျော့ဆိုးရော့စ်သည် ဇန်နဝါရီလ (၇) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ Chatrium Hotel တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးအား လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ခွန်ထွန်းဦးက လက်ရှိဖြစ်ပေါ်နေသော ရခိုင်အရေးအခင်း ကိစ္စ၊ ကချင် လက်နက်ကိုင် အဖွဲ့များနှင့် စစ်ပွဲများဖြစ်ပွားနေသော ကိစ္စ၊ တိုင်းရင်းသား အရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို ရှင်းလင်း တင်ပြခဲ့ပါသည်။ ထို့ပြင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် မကျင့်သုံးသေးသရွေ့၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ မဖြေရှင်းသေးသရွေ့ ပြည်တွင်းငြိမ်းချမ်းရေးသည်
ရနိုင်မှာ မဟုတ်သေးကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုးပမ်း ဆောင်ရွက်လျှက်ရှိသော မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များကိုလည်း SNLD ပါတီအနေဖြင့် ကူညီ ဆောင်ရွက်လျှက်ရှိကြောင်း ပြောဆိုခဲ့သည်။

ယခုတွေ့ဆုံပွဲသို့ SNLD ပါတီမှ ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ဒုဥက္ကဋ္ဌ စိုင်းစောအောင်၊ ပညာရေးနှင့် နိုင်ငံခြားဆက်ဆံရေးဌာနမှ ဌာနမှုး စိုင်းဆမ်ဖွဏ်ဆိုင်တို့ တက်ရောက်ခဲ့ပါသည်။ Open Society Foundation သည် နိုင်ငံပေါင်း ၇၀ ကျော်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့အတွက် ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ဂျော့ဆိုးရော့စ် အနေဖြင့် ၁၉၇၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ယင်းကဏ္ဍများအတွက် အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။ ယခု ၎င်း၏ မြန်မာပြည်ခရီးစဉ်မှာ သတင်း အချက်အလက် လာရောက် ရယူသည့် ခရီးစဉ် ဖြစ်ဖွယ်ရှိပြီး အခြား နိုင်ငံရေး အဖွဲ့အစည်းများကိုလည်း ဆက်လက်တွေ့ဆုံသွားမည်ဟု သိရှိရပါသည်။

Copy from - Shan Nationalities League for Democracy

0 comments: