08 January 2013 ,
ဗန်းမော်- လိုင်ဇာလမ်းကြောင်းရှိ ဖွန်းပျဉ်ဘွမ် ဆိုသည့် KIA တပ်ရင်း (၂၄) စခန်းကို အစိုးရတပ်ဖွဲ့မှ ရက်ဆက်ထိုးစစ် ဆင်နေရာ ယနေ့မနက် (၆) နာရီတွင်လည်း ထပ်မံ စစ်ဆင်နေသည်ဟု ၄င်းနေရာရှိ ရှေ့တန်းစခန်းမှ ကျောင်းသားခေါင်း ဆောင်တဦးက ပြောပါသည်။
“ ဒီစခန်းကို (၃) ရက်ဆက်တိုက် စစ်ဆင်နေတယ်။ မနေ့ညနေ (၃) နာရီတုန်းကလည်း ရဟတ်ယာဉ် (၃) စင်း၊ တိုက် လေယာဉ်နှစ်စင်းနဲ့ ပစ်ခတ်ပြီး ဓါတုဗုံးနဲ့ ဒုံးတွေ သုံးပါတယ်။ ယခင်တပ်ရင်း (၂၃) စခန်းကို ဓါတုဒုံးတွေ သုံးသလိုဘဲ ထပ်သုံးပါတယ်။ ဒီဓါတုဗုံးနဲ့ ဒုံးတွေကြောင့်ဘဲ KIA တပ်ရင်း (၂၃)စခန်း ကျသွားပြီးတော့ ပွိုင့် (၇၇၁) တောင်ကုန်းကို အစိုးရက သိမ်းနိုင်ခဲ့တာပါ။ အခု လည်းအဲဒီနည်းပါဘဲ။” ဟု ဆိုပါသည်။
အဆိုပါလေယာဉ် (၅) စင်းအနက် ရဟတ်ယာဉ် (၂) စင်းသည် ၇၇၁ တောင်ကုန်းပေါ်သို့ ဆင်းပြီး၊ တပ်ဖွဲ့များ အပါဝင် ရိက္ခာ၊ ကျည်ဆံများ ပို့ပေးပြီး ဖြည့်ဆီး ခဲ့ပါသည်။ ကျန်သည့်လေယာဉ် (၃) စင်းသည် အနီးပတ်ဝန်းကျင်ကို ပျံသန်းကာ လိုင်ဇာမြို့နှင့် KIA စခန်းများကို ဒုံးများ၊ ဗုံးများကျဲချခဲ့ပါသည်။ ဓါတုဗုံးအချို့သည် လိုင်ဇာရှိ လူနေအိမ်တချို့ကိုလည်း ထိ မှန်စေသည်ဟု ဆိုပါသည်။ http://www.facebook.com/
ဖွန်းပျဉ်ဘွမ်မှ KIA တပ်ရင်း (၂၄) စခန်းကို အစိုးရ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) လက်အောက်ခံ ခမရ ၃၈၂နှင့် ခလရ ၄၀ တပ်ဖွဲ့များအပါအ၀င် အထူးတပ်ဖွဲ့များက (၃) ရက် ဆက်တိုက် ထိုးစစ်ဆင်နေခြင်း ဖြစ်ပါသည်။ ဖွန်းပျဉ်ဘွမ်စခန်းသည် အစိုးရတပ်စခန်း ချထားသော လဂျားယန်နှင့် တစ်မိုင်မျှသာဝေးပြီး လက်နက်ကြီးများဖြင့် လည်း မိုးရွာသလို ရာပေါင်းများစွာ ပစ်ခတ်နေကြဟု ဆိုပါသည်။ သို့သော် စခန်းကျသွားခြင်းမရှိဘဲ ယနေ့ မနက်အချိန် အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါသည်။
http://www.facebook.com/
အစိုးရမြေပြင်တပ်ဖွဲ့များသည်လည်
ပွိုင့် ၇၇၁ တောင်ကုန်း ဘေးပတ်ဝန်းကျင်၌လည်း အစိုးရတပ်များနှင့် ကေအိုင်အေ တပ်ရင်း (၂၃) မှတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားလျက်ရှိ KIA စစ်ရုံးအရာရှိတဦးက ဆိုပါသည်။ အလားတူ မြစ်ကြီးနား- လိုင်ဇာ လမ်းပိုင်းရှိ မဒီးယန်၊ နမ့်ဆန်ယန်၊ နှင့် ရှမ်းပြည်မြောက်ပိုင်းKIA တပ်မဟာ ၄ ဒေသမှ နေရာအနှံ့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆက်လက်ပြင်းထန်လာ ဖွယ်ရာရှိသည်ဟု KIA အရာရှိက ဆိုပါသည်။
သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန
0 comments:
Post a Comment