Monday, January 14, 2013

KIA မှ ဖမ်းမိထားတဲ့ အစိုးရစစ်သား စစ်သုံ့ပန်းတွေကို ပြန်လွှတ်


စစ်ပွဲအတွင်း KIA အစိုးရမှ ဖမ်းမိထားသည့် အစိုးရ တပ်မတော် တပ်သား များ အယောက် ၂၃ ယောက်အား ၂၀၁၃ ဇန်န၀ါရီ ၁၃ ရက်နေ့တွင် KIA မှ ကိုယ်ဒေသကိုယ် ပြန်နိုင်အောင် တရားဝင် ပြန်လွှတ်ပေးသည့် အခမ်းအနား ကျင့်ပခဲ့သည်။
 
“အခု ခင်ဗျားတို့ ဒီမှာရောက်နေတာ တော်တော်ကြာပြီ။ အေးလို့ကြာလာဒီနှင့်အမျှ ကျွန်တော်တို့ ခင်ဗျားတို့ကို ပြန်အပ်ဖို့ နည်းအမျိုးနဲ့ ကြိုးစားတယ်။ ကြားက အဖွဲ့အစည်းတွေနှင့် ပြန်အပ်ဖို့လည်း ကြိုးစားတယ်။ အခုနောက်ဆုံး ဒီ ၈၈ ကျောင်းသားအဖွဲ့က ကိုမြအေးတို့ ခင်ဗျားတို့ကို ၂ ကြိမ်လောက် လာတွေ့ပြီးပြီထင် တယ်။ ကိုမြအေးတို့ ကနေတဆင့် ပြန်အပ်ဖို့ ကြိုးစားတယ် ဒါပေမဲ့ လက်ရှိအစိုးရက ခင်ဗျားတို့ကို လက်ခံဖို့ မပြောလာဘူး။ လက်မခံနိုင်တဲ့ အနေအထားဖြစ်နေတယ်။ ကိုမြအေးတို့ကနေ တဆင့် ပြန်ကြားရတာတော့ ခင်ဗျားတို့ဟာ တပ်မတော်သားတွေ မဟုတ်ဘူး။ တပ်မတော်ကနေ ခွင့်မဲ့ ထွက်ပြေးလာတဲ့ တပ်ပြေးတွေ ဖြစ်တယ်ဆိုပြီး တပ်မတော်ကနေ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သုံ့ပန်း မဟုတ်ဘူး ညှင်းပေးတဲ့ သဘောရှိတယ်။” ဟု KIA ဗိုလ်ကြီး ဦးဇော်တောင်က အဆိုပါး အခမ်းအနားတွင် ပြောကြားခဲ့သည်။
 
စစ်သုံ့ပန်း ၂၅ ရောက်တွင် ကလေးစစ်သား ၈ ယောက် ပါရှိသည်။ အဆိုပါ ကလေး စစ်သား ၈ ယောက်ကို မူ ILO (International Labor Organization) မှ တဆင့် ကိုယ့်အိမ်ကိုယ် ပြန်ပို့ပေးမည် ဖြစ်ကြောင်း အခြား စစ်သုံ့ပန်း ၁၅ ယောက်ကိုမှု KIA မှ ပို့နိုင်သည့် နေရာအထိ လိုက်ပို့ပေးမည် ဖြစ်ကြောင်း ကျန်ရှိသေးသည့် ခရီးကိုမှု မိမိနေရပ်ဒေသကို ပြန်ချင်တဲ့လူတွေ ပြန်နိုင်ကြောင်း မပြန်ချင်ရင် မိမိသဘောအတိုင်း ကြိုက်နှစ်သက်ရာကို ခရီးဆက်နိုင်ကြောင်း လမ်းခရီး အားလုံးကိုလည်း KIA မှ ထုတ်ပေးမည် ဖြစ်ကြောင်း ဗိုလ်ကြီးဦး ဇော်တောင်က ဆက်လက် ပြောဆိုသည်။

“ကျွန်တော် ဒီမှာနေတာ ၁ နှစ်နှင့် ၁ လရှိပြီ။ ကျွန်တော်က ၁၆ နှစ်ကတည်းကနေ စစ်တပ်ထဲဝင်တာ ကလေး စစ်သားထဲမှာပါတယ်။ အိမ်ပြန်ရမယ်ဆိုတော့ တကယ်ပျော်တယ် စိတ်ထည်မှာ မပြောတတ်လောက်အောင် ပျော်တယ်။ အိမ်မပြန်ရတာ ၄ နှစ် ၅ နှစ်ရှိပြီ။ ကျွန်တော်ဘာမှ မသိပဲ စစ်တိုက်ခဲ့တာတွေကို တကယ်ကို စိတ်မကောင်းဘူး။ အခုလို ကောင်းကောင်း ပြန်လွှတ်ပေးခဲ့တဲ့ KIA အစိုးရကို တကယ်ကို ကျေးဇူးတင်တယ်။ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးလည်း အမြန်ရပါစေလို့ ဆုတောင်ပေးတယ်။” ဟု စစ်သုံ့ပန်း မှ ကို ချစ်ဦးနိုင်က ဆိုသည်။
 
Copy from - jinghpawkasa

 

0 comments: