
ယနေ့မနက် (၅) နာရီခန့်(6/1/2012)တွင် အစိုးရသိမ်း
ထားသော ပွိုင့် (၇၇၁) စခန်းကို ကချင်လွတ်လပ်ရေးတပ်
မတော် (KIA) မှဝင် ရောက် တိုက်ခိုက်ခဲ့သည်ဟု အဆိုပါ
စခန်းနားရှိ လုံခြုံရေး ယူထားသော ကျောင်းသား တပ်
မတော် ခေါင်းဆောင်တဦးက ဆိုပါသည်။
“ တိုက်ပွဲကတော့ မနက်ကတည်းကနေ ညနေ (၅) နာရီခွဲ
အထိ ဖြစ်ခဲ့ပါတယ်။ အခြေအနေအသေးစိပ်တော့ မသိရ
သေး ပါဘူး။ ဒီတိုက်ပွဲကြောင့် မနက် (၈) နာရီခွဲမှာ Alen
Bum လိုင်ဇာဗဟို ဌာနချုပ်ဘက်ကို လက်နက်ကြီး (၈) လုံးနဲ့
လှမ်းပစ်ခဲ့ တယ်။ ပြီးတော့ ပွိုင်း (၇၇၁) စခန်းကို အကူအ
ညီပေးဖို့ တက်လာတဲ့ စစ်ကြောင်း (၃) ကြောင်းကိုပါ KIA
ဖက်က ဖြတ်တိုက် ခဲ့ပါတယ်။” ဟု ဆိုပါသည်။
KIA ဖြတ်တိုက်ခဲ့သော နေရာများမှာ နေ့လည် (၂) နာရီ၌
လဂျားယန်အနီး လွယ်မောင့်ယန်တိုက်ပွဲ၊ မဒိယန်အနီးရှိ
ဂျိန်နမ့် ဇွပ် တိုက်ပွဲနှင့် မန်မော်- နာလုံ အကြားနေရာတို့
ဖြစ်ပါသည်။
ထို့အပြင် အစိုးရခန်ကိုင်တောင် မှလက်နက်
ကြီးများသည် လဂျားယန်နှင့် လဝါးယန်ဖက်သို့ အလုံး (၇၀)
ကျော်ပစ်ခတ်ခဲ့ပြီး ညနေ (၅) ခွဲ၌ ရပ်စဲသွားပါသည်။
လွယ်မောင့်ယန်နေရာ သည် လဂျားယန်၏ Munglai
ချောင်းတလျှောက်ကို ပြောခြင်းဖြစ်ပါသည်။
KIA ဖြတ်တိုက်သော အစိုးရ စစ်ကြောင်းများသည် ပွိုင့်
(၇၇၁) စခန်းအတွက် ကျည်ဆံနှင့် ရိက္ခာများ ပို့ပေးသော
စစ်ကြောင်းများ ဖြစ်သည်။
ဤတိုက်ပွဲများကြောင့် အစိုးရ
စစ်ကူများသည် ညနေအချိန်ထိ ပွိုင့် (၇၇၁) စခန်းသို့ မရော
က်ရှိသေးကြောင်း ကျောင်းသားများက ဆိုပါသည်။
Bum Re Bum ခေါ် ပွိုင့်၇၇၁ စခန်းသို့ အစိုးရ စစ်ကူများ
ဖြတ်တောက်ထားနိုင်သဖြင့် KIA တပ်ဖွဲ့များသည် ထိုစခန်း
ကို သိမ်းပိုက်ရန်တာစူနေသည်ဟ ဆိုပါသည်။ ပွိုင့် (၇၇၁)
စခန်းသည် လဂျားယန်တဝိုက်တွင် အမြင်ဆုံး စခန်း ဖြစ်
သောကြောင့် အရေးကြီးသောပွိုင့် ဖြစ်သဖြင့် နှစ်ဖက်တပ်
များ အပြန်အလှန် စစ်ဆင်နေကြခြင်း ဖြစ်သည်။
အစိုးရတပ်များသည် ဤတောင်ကုန်း ရရှိရေးအတွက် တိုက်
လေယာဉ်ဖြင့် ဒုံးကျည်များနှင့် ဓါတုဗုံးများကျဲချပြီး သုံးခဲ့သ
ဖြင့် KIA က ဆုတ်ခွာပေးရခြင်း ဖြစ်ပါသည်။
ဤကဲ့သို့ အသိမ်းခံရသော်လည်း KIA သည် ၄င်းစခန်းသို့
စစ်ကူမရောက်ရှိရန် တားမြစ် ထားပါသည်။
ဤသို့ကြောင့်
စစ်ကူ များဖြတ်တောက်ခံနေရသော ပွိုင်း (၇၇၁) စခန်း
သည် နက်ဖြန်၌ စစ်ကူမပေးပို့နိုင်ပါက စခန်းရှိ အစိုးရတပ်
များ ဆုတ် ခွာပေး ဖွယ်ရှိနေသည်ဟု အကဲခတ်များက ဆို
ပါသည်။ ထိုစခန်းသည် ဒီဇင်ဘာ (၃၀) ရက်နေ့ကတည်းက
သိမ်းထားခဲ့ပြီး နောက်ပိုင်း ရိက္ခာနှင့် ကျည်များမဖြည့်ဆည်း
နိုင်သဖြင့် အရေးနိမ့်မည့် အလားလာဖြစ်လာနေသည်ဟု
ဆိုပါသည်။
သတင်းရင်းမြစ် - ရွှေဟင်္သာ
0 comments:
Post a Comment