Thursday, January 3, 2013

KIA, တပ်မဟာ (၁)ဒေသ၊ တိုက်ပွဲပြင်းထန်

 
ဒီဇင်ဘာလ(၂)ရက်နေ့ ပန်ဝါဒေသတွင် တိုက်ပွဲပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့သည်။ ယနေ့ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ့လေတပ်သည် လွန်ခဲ့သည့်နေ့က အသုံးပြုသော တိုက်လေယာဉ် မဟုတ်ဘဲ အဆင့်မြင့် Jet ...Fighter (၂)စင်းကို အသုံးပြု ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

 

တပ်မ(၈၈) နည်းဗျူဟာ(၂) လက်အောက်ခံ ခလရ(၁၀)(၁၃) (၇၇) ခမရ(၃၀၁) နှင့် ခလရ(၂၆၀)တပ်ရင်းများ မှ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ မြန်မာအစိုးရစစ်တပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးကာ (၈)ဦးဒဏ်ရာရရှိ ကြောင်းသိရသည်။ ၎င်းထဲမှ(၆)ဦးသည် ဒဏ်ရာပြင်းထန်ကြောင်းနှင့် သေဆုံးရန် စိုးရိမ်ရကြောင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင်များမှ သိရှိရသည်။ KIA တပ်ဖွဲ့ဝင်(၄)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

တပ်မ(၈၈)ဌာနချုပ် ရည်မှန်းချက်ကို အမြန်အပြီးပြတ် ဆောင်ရွက်ရန် ဖိအားပေးနေသဖြင့် ရှေ့တန်းရောက် တပ်မတော်သားများမှာ နေ့စဉ် သေကြေ ထိခိုက်ဒဏ်ရာ ရနေကြရကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ တဆင့် သိရှိရသည်။

 
Copy from - Lachid Kachin

0 comments: