(ဓာတ်ပုံ burmadday.blogspot.com)
30 January 2013
KIA ရဲ့စခန်းဖြစ်တဲ့ Hka Ya Bum တိုက်ပွဲ ရလဒ်နှင့် စစ်မြေပြင် နောက်ဆုံး အခြေအနေ သတင်းကို KIA နှင့် နီးစပ်သူများ ထံမှ စည်းလုံးခြင်းရဲ့ ဝက်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ အဆိုပါ စခန်းကို တပ်မတော်မှ ခြေကုပ်ယူထားသော Bum Re Bum၊ M Tnt Bum ၊ Htun Tyel Bum နဲ့ Wai Maw Bum စတဲ့ နေရာ လေးနေရာ စလုံးမှ အမြောက်ကြီးများနှင့် ပိုက်စိပ်တိုက် ပစ်ခတ်ခဲ့ကြောင်း၊ တစ်ရက်ထဲမှာပင် အကြိမ်ပေါင်း ၁၀၀၀ ကျော်ရှိကြောင်း သိရှိရပါတယ်။ အမြောက်များ ပစ်ခတ်ပြီးတဲ့နောက် တပ်မတော်မှ အင်အား ၄၀၀၀ ကျော်ခန့်ဖြင့် ချေမှုန်းရေး ထိုးစစ် ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ www.projectmaje.org)
တိုက်ပွဲမှာ KIA ရဲ့ ထိခိုက် ကျဆုံးမှု အနေနဲ့ အရာရှိနှစ်ဦး အပါအဝင် စစ်သည် ၃၀ ကျော် ကျဆုံးခဲ့ရကြောင်း၊ KIA မှ စစ်သည် နှစ်ဦးဟာ မိမိကိုယ်ပေါ်မိမိ ဗုံးများ ပတ်ပြီး ရဲရဲဝံ့ဝံ့ အသေခံ တိုက်ပွဲ ဝင်သွားခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ KIA ဘက်က ပြောဆိုသံကတော့ ရန်သူနဲ့ ထိပ်တိုက်တွေ့ ပါက မလိုလားအပ်ပဲ အကျအဆုံး များမှာကို ရှောင်ရှားချင်လို့ ခွာစစ် ဆင်ပေးလိုက်ရပြီး အခွင့်သာပါက တန်ပြန် တိုက်စစ်နှင့် လည်ကောင်း၊ ပျောက်ကြား စစ်နည်းဗျူဟာကို အသုံးပြုပြီး အမှဲ့ချွှေစနစ်ဖြင့် တိုက်ခိုက်မည် ဖြစ်ကြောင့် ပြည်သူလူထုအား အားပေးခဲ့တယ်လို့ ဆိုပါတယ်။ ယခုအခါ KIA လက်ကျန် စခန်းများ အနေနဲ့ လိုင်စင်ဘုန် အပါအဝင် အမည်နာမ မပေးထားတဲ့ စခန်းများ ရှိသေးကြောင်း၊ တစ်ချို့ စခန်းများမှာ တရုတ်နယ်စပ်နှင့် ခွထိုင်ထားကြောင့် တပ်မတော်မှ လက်နက်ကြီး ပစ်ရင် ပြဿနာ တက်လာနိုင်တာမို့ ဆက်လက် မတိုက်နိုင်တော့ကြောင်း၊ ၂၈-၂၉ ရက်နေ့ နှစ်ရက်လုံးမှာတော့ ထူးခြားစွာ စစ်မြေပြင်မှာ တိတ်ဆိတ် နေကြောင်း သတင်းများ ရရှိပါတယ်။
Copy from - photayokeking
Copy from - photayokeking
0 comments:
Post a Comment