January 18, 2013,
သူငယ်ချင်းတို့ ကောင်းတဲ့ နံနက်ခင်းဖြစ်ပါစေ။
ခင်များတို့အားလုံး ၀ိုင်းဆုတောင်းပေးလို့ လိုင်ဇာလဲ ကျန်းမာလျှက်ပါ။ မနေ့
ခရာဘွမ်မှာ ဂျက်လေယဉ် နှစ်စင်း နဲ့ မိုးချုပ်ထိ လေးခါ လာပစ်တယ်။ ဗုံးတွေ
အများကြီးကျဲချသော်လည်း ဘာမှ မဖြစ်ခဲ့ဘူး။ ရှေ့တန်းစစ်မျက်နှာမှာ အခုတလော
မြစ်ကြီးနားက ဖမ်းပြီးလွတ်လိုက်တဲ့ ကချင်လူငယ် ၄၀ ယောက်ပါလာကြောင်းသိရပါတယ်။
တစ်ယောက်က ဒဏ်ရာရပြီး သေခါနီး ပြောပြ သွားတာက မြစ်ကြီးနား ကျွန်းပင်သာ ရပ်ကွက်က မွေဂျန်သား (Mwijang Kasha) ဖြစ်ကြောင်းသာ ပြောပြီး ဆုံးသွားတယ်။ အခု လက်ရှိ ၀ိုင်းမော်မြို့ ရဲစခန်းမှာ အယောက် ၆၀ ဖမ်းချုပ်ထားတယ် လို့ ပြောပါတယ်။ မနေ့က ကျောင်းသား တစ်ယောက်ကိုတော့ သူ့ဆရာမ အာမခံ ပြီး ပြန်ခေါ်ထုတ်သွားတယ် လို့ ကြားပါတယ်။
အခုလဲ မြစ်ကြီးနားမှာ ညတိုင်း ကချင်ရပ်ကွက်တွေမှာ လိုက်ဖမ်းနေတယ် လို့ ကြားသိရပါတယ်။
Kachin Duwa

0 comments:
Post a Comment