Friday, January 11, 2013

စစ်ပွဲများ အမြန်ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖေါ်(တိုကျို)


၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်။
ကချင်ဒေသများတွင် ထိုးစစ်ဆင်တိုက် ခိုက်နေခြင်းများကို ချက်ချင်း(ချက်ချင်း) ထုတ်ဖေါ်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ အမြန်ဆုံး အကောင်အထည်ဖော်ရန်၊ ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် စစ်ပွဲများ အမြန်ရပ်ဆိုင်းပေးရန်အတွက် ကချင်တိုင်းရင်းသားများနှင့်အတူ ဂျပန်ရောက် ပြည်ထောင်စုဘွား တိုင်းရင်းသားများတို့မှ စုပေါင်းပြီး ယနေ့ ညနေမှာ တိုကျိုရှိ ဗမာသံရုံးရှေ့သို့ စုဝေးဆန္ဒထုတ်ဖေါ်ခဲ့ကြပြီး တိုက်တွန်းတောင်းဆိုသည့်စာကို သံအမတ်ကြီးမှတဆင့် သမ္မတ ဦးသိန်းစိန် ထံသို့ ပေးပို့တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

Mai Kyaw Oo (PNS-Japan)



0 comments: