အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချဲသည် ကချင်ပြည်နယ်ရှိစစ်ပွဲများနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ တစ်ဖက်သက် ကေအိုင်အေ တပ်များအား ထိုးစစ်ဆင်နေသည့် သွေးချောင်းစီး စစ်ပွဲများကို ရပ်တပ်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
"ဒီစစ်ပွဲနဲ့ ပက်သတ်ပြီး ကျနော်တို့ အနေနဲ့ စိုးရိမ်ပါတယ်။ နေပြည်တော်က အစိုးရအာဏာပိုင်တွေနဲ့လည်း ကျနော် စကားပြောခဲ့ပါတယ်။ အစိုးရရဲ့အခြေအနေကို ကျနော် နားလည်ပါတယ် ဒါပေမယ့် နိုင်ငံရေးန ည်းလမ်းနဲ့ အဖြေရှာဖို့အတွက် လိုအပ်တယ် ဆိုတာကို နားလည်ရပါမယ်" ဟု အမေရိကန် သံအမတ်က ဧရာဝတီ သတင်းဌာနသို့ ပြောကြားခဲ့ခြင်း ဖြ
ပြီးခဲ့သည့် လပိုင်းမှစတင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ စစ်ပွဲများသည် အခြေအနေ ဆိုးရွားလာလျှက်ရှိပြီး အစိုးရစစ်တပ်များမှ တိုက်လေယဉ်များဖြင့် နေ့စဉ် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်
ဒဲရစ်မစ်ချဲမှ ပြောကြားရာတွင် "နှစ်ဖက်စလုံးအနေနဲ့ ဒီကိစ္စဟာ စစ်ရေးနဲ့ဖြေရှင်းရမယ့်ကိစ္စမဟုတ
အမေရိကန်သံအမက်၏ ပြောကြားချက်သည် အစောပိုင်းက အမေရိကန် အစိုးရ၏ အစိုးရတပ်များ လေကြောင်းတိုက်ခိုက်မှုအပေါ် ပစ်တင်ဝေဖန်မှုကိုလည်း ထပ်မံထောက်ခံခဲ့ခြင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စု ပြောရေး ဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်းမှ ပြီးခဲ့သည့်အပတ် ၀ါရှင်တန်တွင် သတင်းထောက်များ အား ပြောကြားခဲ့ရာတွင် "လေကြောင်းကနေ တိုက်ခိုက်မှုဟာ ပြသနာပါ။ အမေရိကန်အနေနဲ့ နှစ်ဖက်စလုံးကို အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးတဲ့ဆီကိုသွား
ကေအိုင်အေသည် အစိုးရနှင့် ၁၇ နှစ်ကြာအပစ်အခက်ရပ်စဲထားရမှ ၂၀၁၁ ခုနှစ်တွင် အစိုးရတပ်များ၏ စတင်ပစ်ခက်မှုကြောင့် အပစ်အခက်ရပ်စဲမှု ပျက်ပြယ်ခဲ့ရခြင်းဖြစ်ကြောင်းသိ
ဒဲရစ်မစ်ချဲမှ ဆက်လက်ပြောကြားရာတွင် သူ့အနေဖြင့် ယခုစစ်ပွဲကြောင့် အိမ်ခြေမဲ့ဖြစ်ခဲ့ကြသည့် သိန်းနဲ့ချီသော ဒုက္ခသည်များအတွက်လည်း အထူးပင် စိုးရီမ်ကြောင်း၊ အစိုးရအနေဖြင့် လိုင်ဇာနှင့် ကေအိုင်အေ ထိန်းချုပ်နယ်မြေဒေသများရှိ ဒုက္ခသည် စခန်းများသို့ နိုင်ငံတကာ အကူအညီများ ဆက်လက်ပိတ်ဆို့ထားသည်ကို အထူး စိုးရိမ်ကြောင်းဆိုသည်။
" မြန်မာအစိုးရကိုတော့ ဆက်ပြီးတော့ အဲဒီဒေသတွေကို အကူအညီတွေ ခွင့်ပြုဖို့ တိုက်တွန်း ပြောကြားနေပါတယ်။ မကြာခင်က ကျနော် သွားရောက်ခဲ့တဲ့ အစိုးရ နယ်မြေထဲက ဒုက္ခသည် စခန်းတွေက အဆိုးဆုံးတွေ မဟုတ်ပါဘူး။ အစိုးရထိန်းချုပ်န ယ်မြေမဟုတ်တဲ့
ထို့အပြင် အမေရိကန်အနေဖြင့် ကချင်စစ်ပွဲတွင် နှုတ်ဆိတ်နေသည် ဆိုသော ပြစ်တင် ဝေဖန်မှုများကို သံအမတ်မှ ငြင်းဆိုလိုက်ကာ
" စစ်ပွဲနဲ့ ပက်သတ်ပြီး မြန်မာအစိုးရဘက်ကို အမြဲဆက်တိုက် ပြောကြားနေမှုတွေ ရှိနေပါတယ်။ ၀ါရှင်တန် အနေနဲ့ တိတ်တိတ် မနေပါဘူး။ ဒီကိစ္စဟာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုအဖြစ် အမေရိကန်က မှတ်ယူပါတယ်။ မြန်မာအစိုးရ ခေါင်းဆောင်တွေအနေန
သတင်းရင်းမြစ် - ဧရာဝတီ
0 comments:
Post a Comment