ဒီနေ့ ထူးထူးခြားခြား တက်လာတဲ့ တရုတ်သတင်း တပုဒ်ပါ..
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုရဲ့ ယနေ့ ဂျပန်စစ်သချိုင်းကို သွားရောက် ဂါဝရပြုတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတဲ့ တရုတ်လူမျိုးများလို့ ယူဆရတဲ့သူတွေက ဂျပန်စစ်သချိုင်းမှာ ကန့်ကွက် ဆန္ဒပြကြပါတယ်..။ ရေးထားချက်ကတော့ စစ်အတွင်း ကျဆုံးသွားသူတွေ ထားရှိရာ ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကို ဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက် ဂါရဝပြုသလို ဖြစ်တဲ့အတွက် ဆန္ဒပြတဲ့ ပုံစံရေးထားပါတယ်.. ။
( နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကိုဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက် ဂါရဝပြုတိုင်း တရုတ်နိုင်ငံက ကန့်ကွက်လေ့ရှိပါတယ်..) တရုတ် သတင်းဋ္ဌာနများဟာ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇို မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မသွားရောက်ခင် ရက်သတ္တပတ် အလိုကတည်းက သတင်းဋ္ဌာနတွေမှာ နေ့စဉ်ရက်ဆက် ထုတ်လွှင့်နေခဲ့ပြီး အမေရိကန်နှင့် ဂျပန်အစိုးရတွေ မြန်မာအစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလာတာကို စိုးရိမ်ဖွယ် ဖော်ပြနေခဲ့ပါတယ်..။
ဒါကတပိုင်းပေါ့ ယနေ့မြန်မာနိုင်ငံကို နှစ်နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ့ ခေါင်းဆောင် တဦးအား ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာသူလို့ ယူဆရတဲ့ တရုတ်လူမျိုးများက ဆန္ဒပြပွဲပြုလုပ် ဖန်တီးခြင်းဟာ တရားဝင်မှု ရှိမရှိနဲ့ မည်သည့်မြို့နယ် ရဲစခန်းမှ တရားစွဲဆို ဆင့်ခေါ်မည်၊ မဆင့်ခေါ်မည်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။
ထစ်ခနဲဆို ပြည်တွင်းက ဆန္ဒပြသူတွေကို ဆင့်ခေါ် ဖမ်းဆီးလေ့ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနရဲ့ တရုတ်လူမျိုးတွေအပေါ် မည်ကဲ့သို့ တုန့်ပြန်မည်ကို စောင့်ကြည်ရမှာဖြစ်ပါတယ်..။
သတင်းရင်းမြစ် - ဒီမိုဝေယံ
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇိုရဲ့ ယနေ့ ဂျပန်စစ်သချိုင်းကို သွားရောက် ဂါဝရပြုတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတဲ့ တရုတ်လူမျိုးများလို့ ယူဆရတဲ့သူတွေက ဂျပန်စစ်သချိုင်းမှာ ကန့်ကွက် ဆန္ဒပြကြပါတယ်..။ ရေးထားချက်ကတော့ စစ်အတွင်း ကျဆုံးသွားသူတွေ ထားရှိရာ ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကို ဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက် ဂါရဝပြုသလို ဖြစ်တဲ့အတွက် ဆန္ဒပြတဲ့ ပုံစံရေးထားပါတယ်..
( နှစ်စဉ်နှစ်တိုင်း ဂျပန်နိုင်ငံမှ သူရဲကောင်းဗိမာန် Yasukuni Jinja ကိုဂျပန်အစိုးရ တာဝန်ရှိသူတွေ သွားရောက် ဂါရဝပြုတိုင်း တရုတ်နိုင်ငံက ကန့်ကွက်လေ့ရှိပါတယ်..) တရုတ် သတင်းဋ္ဌာနများဟာ ဂျပန်ဒုဝန်ကြီးချုပ် မစ္စတာတာရိုအာဇို မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး မသွားရောက်ခင် ရက်သတ္တပတ် အလိုကတည်းက သတင်းဋ္ဌာနတွေမှာ နေ့စဉ်ရက်ဆက် ထုတ်လွှင့်နေခဲ့ပြီး အမေရိကန်နှင့် ဂျပန်အစိုးရတွေ မြန်မာအစိုးရနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလာတာကို စိုးရိမ်ဖွယ် ဖော်ပြနေခဲ့ပါတယ်..။
ဒါကတပိုင်းပေါ့ ယနေ့မြန်မာနိုင်ငံကို နှစ်နိုင်ငံ ချစ်ကြည်ရေး အလည်အပတ်ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ့ ခေါင်းဆောင် တဦးအား ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာသူလို့ ယူဆရတဲ့ တရုတ်လူမျိုးများက ဆန္ဒပြပွဲပြုလုပ် ဖန်တီးခြင်းဟာ တရားဝင်မှု ရှိမရှိနဲ့ မည်သည့်မြို့နယ် ရဲစခန်းမှ တရားစွဲဆို ဆင့်ခေါ်မည်၊ မဆင့်ခေါ်မည်ကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်..။
ထစ်ခနဲဆို ပြည်တွင်းက ဆန္ဒပြသူတွေကို ဆင့်ခေါ် ဖမ်းဆီးလေ့ရှိတဲ့ ပြည်ထဲရေး ဝန်ကြီးဋ္ဌာနရဲ့ တရုတ်လူမျိုးတွေအပေါ် မည်ကဲ့သို့ တုန့်ပြန်မည်ကို စောင့်ကြည်ရမှာဖြစ်ပါတယ်..။
သတင်းရင်းမြစ် - ဒီမိုဝေယံ
0 comments:
Post a Comment