January 13,2013
မြန်မာ့တပ်မတော်က ထိုးစစ်ဆင်ရာတွင် ထိခိုက် ကျရှုံးမှုများ ပြားလျက်ရှိသဖြင့် ဗိုလ်ချုပ်များ ခေါင်းခဲလျက်ရှိသည်။ ဇန်န၀ါရီလ(၉)ရက်နေ့တွင်လည်း တပ်မ(၁၀၁) လက်အောက်ခံ ခလရ(၂၅၅)တပ်ရင်းမှူး အပါအ၀င် အရာရှိ(၅)ဦးနှင့် အခြားအဆင့် ရဲဘော်များ KIA မိုင်းဖြင့် ကျဆုံးခဲ့ကြရသည်။
ထို့ကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းနောင်သည် ကချင်ပြည်နယ် ၀န်ကြီးချုပ်ထံ အရပ်သား(၁၀၀၀) တောင်းဆိုခဲ့ကြောင်း သိရှိရ သည်။ ၀န်ကြီးချုပ်မှ အရပ်သား ရှာဖွေပေးရန် ငြင်းဆိုလိုက်သဖြင့် ဇန်န၀ါရီလ(၁၀)ရက်နေ့တွင် နေပြည်တော်၏ အမိန့်ဖြင့် ၀န်ကြီးချုပ်အား အထူးလေယာဉ်ဖြင့် လာရောက် ခေါ်ဆောင်ခဲ့ကာ နေပြည်တော်တွင် အကျယ်ချုပ် ထားရှိခဲ့ကြောင်း သိရှိရသည်။
Copy from - Myitkyina news
0 comments:
Post a Comment