Monday, January 28, 2013

သက်တော်ရှည် ၀န်ကြီးတစ်ယောက်အကြောင်း တစေ့တစောင်း

တို့တိုင်းနိုင်ငံ ပြည်မြန်မာမှာ ဘာတွေ ဖြစ်နေသလဲ (ပေးစာ)

ကျနော့်အနေနဲ့ နိုင်ငံတော်သမ္မတကြီးမှ အမှန်တရားများကို သိရှိနိုင်စေဘို့ ဒီစာကို ရေးလိုက်ရပါတယ်- ကျနော်ဟာ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံမှူးဟောင်းတစ်ယောက်ဖြစ်ပါတယ်။ စက်ရုံမှူးဟောင်း တစ်ယောက်အနေနဲ့ - ကျနော်သိတာလေးတွေ ပြောပြချင်လို့ - ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဦးစိုးသိန်းဟာ - သူတို့အပတ်စဉ်မှာ ထူးချွန်ဆုရခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီး တစ်ဦးဖြစ်ပေမယ့် - သူအနေနဲ့ သမာသမတ်ရှိရှိနဲ့ဆုရခဲ့တာမဟုတ်ပါဘူး၊ သူ့ထက်အမှတ်ကောင်းတဲ့ သူတစ်ယောက်ကို ကလိန်ကကျစ်ကျပြီး ဆုရယူခဲ့တယ်ဆိုတာ - တချို့ကသိချင်မှသိမှာပါ၊ ကျနော်တို့ ကတော့ တစ်ကျောင်းတည်းအတူတူတက်လာခဲ့ဖူးတော့ သူကလိန်ကကျစ်လုပ်ခဲ့တာကို ကျောင်းမှာ ကတည်းက သိခဲ့ပါတယ်၊

ဦးစိုးသိန်းဟာ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ကာလ တစ်လျှောက်မှာလည်း - ဟိုအရင်ကျောင်းတုန်းကလိုပဲ လူကြီးတွေကို လေလုံး လှလှလေးတွေနဲ့- ယုံအောင်ဖြီးတတ်တာကြောင့် - ရုံးကြီးနဲ့လူကြီးတွေ အနားမှာပဲ ဘ၀တစ်လျှောက်လုံး နေခဲ့ရပါတယ်၊ ဒါ့ကြောင့် ပင်လယ်ပြင် စစ်ဆင်ရေးနဲ့ စစ်သဘောင်္အတွေ့အကြုံဘာတစ်ခုမှ မရှိခဲ့ဘဲ လူကြီးအကြိုက် လိုက်ပြော၊ ဖော်လံဖားပြီးလေနဲ့သာ အလုပ်လုပ်ခဲ့တဲ့အတွက် - ဒီအဆင့်အထိ ရောက်ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။

သူလေလုံးထွားတာကိုလူသိများပြီး မကြိုက်တော့တဲ့အချိန်မှာတော့ ရှင်းရှင်းပြောရရင် သူ့ကို သုံးစားမရတော့လို့ ဖယ်ခွာချင်တဲ့အချိန်ကျတော့ ချက်ခြင်းကြီးဖယ်ဘို့ မသင့်တော်သေးတာနဲ့ ၀န်ကြီး အဖြစ်စက်မှု(၂)၀န်ကြီးဌာနကိုပြောင်းပေးခဲ့ပါတယ်- အဲဒီနေရာလေးရတဲ့အချိန်မှာလဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုအယုံသွင်းပြီး နားကျအောင်ပြောတတ်၊ ဆိုတတ်၊ သူရဲ့စက်ရုံတွေဘယ်လောက်ကောင်း ကြောင်း၊ ဘယ်လိုကုန်ထုတ်လုပ်မှုတွေတိုးတက်နေကြောင်း လေလည်ပြခဲ့တဲ့အတွက် တည်မြဲနေခဲ့ ပါတယ်- သူရဲ့ စက်ရုံတွေကကောင်းလား၊ မကောင်းလားဆိုတာ - တာယာစက်ရုံတွေကိုကြည့်ပေါ့ဗျာ- အခုတော့ စက်ရုံတွေကပြီးနေပြီး ဘာအလုပ်မှမလုပ်နိုင် - ဘာပစ္စည်းမှမထုတ်လုပ်နိုင်တာ အားလုံးတွေ့ကြမှာပါ- ဦးစိုးသိန်းဟာ အဓိကအားဖြင့်လေနဲ့ပဲလုပ်စားပြီး လူကြီးအမြင်ကောင်းအောင် ပြတတ်သူ တစ်ဦးဆိုတာ- ထိုင်းနယ်စပ်- မြ၀တီမြို့ကတစ်ဆင့် စက်ယန္တရားကြီးတွေသွင်းပြီးတော့ For Show လုပ်ပြခဲ့တဲ့ သာဂရစက်ရုံကြီးက သက်သေထူနေပါတယ် --

ဒါကြောင့်လည်းကျနော်တို့စက်မှုဝန်ကြီးဌာနကလုပ်ငန်းတွေမှာတစ်ကယ်တမ်းအလုပ်မဖြစ်ဘဲနဲ့ ငွေတွေသာမြောက်မြားစွာကုန်ကျခဲ့ပြီး ကုန်ထုတ်လုပ်မှုမတိုးတက်ဘဲ ဘာလုပ်ငန်းမှအဆင်မပြေခဲ့တာ ဌာနက လူတွေအသိပဲဖြစ်ပါတယ်- ဒါတွေဟာ သူ့ရဲ့ လေထဲမှာတိုက်ဆောက်ခဲ့တဲ့လုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်- ဒါပေမယ့်လည်း ၀န်ကြီးဌာနကသာမတိုးတက်ဘဲဖြစ်ခဲ့ရပေမယ့် ဦးစိုးသိန်းကတော့ တိုက်ကြီးတာကြီးတွေနဲ့ - သူများလိုက်မမှီအောင် ပြည့်လျှံသွားခဲ့ပါတယ်-


သူကတော့ - ရှေးဘ၀ကုသိုလ်ကောင်းလို့ထင်ပါရဲ့ ကံအလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ်၊ အစိုးရသစ်တက်လာချိန်မှာ ၀န်ကြီးဌာနအသစ်ပြန်ဖွဲ့၊ ပြန်ပေါင်းတာတွေလုပ်တော့လည်း သူ့အတွက် ဖန်တီးပေးလာတာက စက်မှု(၁)နဲ့(၂)ကိုတစ်ခုထဲပြန်ပေါင်းပြီး စက်မှုဝန်ကြီးဌာနမှာ သူကိုဝန်ကြီးပြန်ပေးခဲ့ တယ်လေ-- ဒီတော့ သူအနေနဲ့ ကျနော်တို့ဝန်ကြီးဌာနကြီးကို သူ့ခြေသူ့လက်ဖြစ်အောင်လုပ်တော့ တာပါဘဲ - ဘယ်လောက်ထိအောင် သူ့ခြေသူ့လက်ဖြစ်ခဲ့သလဲဆိုရင် ဌာနအောက်က BPIတို့၊ လှိုင်မြို့နယ် ထဲမှာရှိတဲ့ စက်ရုံတို့တွေကို လက်သိပ်ထိုးရောင်းစားခဲ့တဲ့အထိပဲ- Transparency ရှိရမယ်ဆိုပြီးတော့ ပြောခဲ့တာလဲသူပါဘဲဗျာ။ ဒီလိုလက်သိပ်ထိုးရောင်းစားခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပေမယ့်-- ကျနော်တို့ ၀န်ကြီးဌာနက ၀န်ထမ်းအားလုံးကတော့ ကကြီး ကနေ အ အထိ အကုန်သိကြပါတယ်-ကိုယ့်ဆရာတို့ မသိသေးလို့ သိချင်တယ်ဆိုရင်တော့ လှိုင်မြို့နယ်ထဲကစက်ရုံတွေနဲ့ BPI စက်ရုံတွေကိုသာ သွားကြည့်လိုက်ပါ အကုန်လုံးသိသွားပါလိမ့်မယ်- စက်မှုဝန်ကြီးဌာနတာဝန်လွှဲပြောင်းတော့လဲ သူလုပ်ထား ကိုင်ထားတာတွေများလွန်းလို့ နောက်ဝန်ကြီးကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အထိဖြစ်သွားခဲ့ပါတယ် - အင်မတန်မှလည်း တော်ပါပေတယ်ဗျာ --

ဦးစိုးသိန်းဟာ အပြောကောင်းပြီး သမ္မတကြီးကို နားပေါက်အောင် ပြောနိုင်တဲ့အတွက် ကျနော်တို့ စက်မှုဝန်ကြီးဌာနက ၀န်ထမ်းတွေကိုဘာပြောသလဲဆိုတော့ “ တပ်ထဲမှာတုန်းက ငါက သမ္မတကြီးနဲ့ ဂေါက်အတူ ရိုက်ရတာ၊ တစ်တွဲထဲရိုက်ရတာ၊ မင်းတို့ပြုတ်သွားချင်လား၊ ငါပြောလိုက်ရင် မင်းတို့ချက်ချင်း ပြုတ်သွားမယ်”--- ဒီလိုမျိုးစကားတွေကို သမ္မတကြီးရဲ့နာမည်ကိုယူသုံး ခြိမ်းခြောက်ခဲ့ တာမျိုးတွေပြောပြီး ၀န်ထမ်းတွေကိုအကြောက်တရားနဲ့ အုပ်ချုပ်ခဲ့ပါတယ် - သူကတော့လူလည်ကြီး တစ်ဦးပါပဲ၊ ဘယ်လောက်ထိလည်သလဲဆိုတော့ သူ့မိန်းမက တရုတ်သွေးပါသူမို့ နာမည်မှာ တရုတ်အမည် ဒေါ်အေးကျင်ကနေ“ကျင်”ကိုဖြုတ်ပြီးဒေါ်အေးအေးလို့ပြောင်းခဲ့ပါတယ်-- နောက်ပြီး သူ့ပါးစပ်ကပြောတော့ သူကဆင်းရဲပါတယ် - မချမ်းသာဘူး-- ပိုက်ဆံမရှိဘူးသာပြောပြောနေတာ၊ သူ့သားတွေ၊ သမီးတွေ အားလုံးက နိုင်ငံခြားမှာချည်းပဲ-- သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလဲ Singapore တို့၊ သူ့သားသမီးတွေ ရှိတဲ့နေရာတို့တွေမှာ မြှုပ်နှံထားတယ်ဆိုတာ-- ကျန်တဲ့သူတွေမသိနိုင်ပေမယ့် ကျနော်တို့လိုဝန်ကြီးဌာနက လူတွေကတော့ အကုန်လုံးပဲသိကြပါတယ်ဗျာ-

ဒါတွေကို ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ သမ္မတကြီးက မသိများမသိလေရော့ သလားဗျာ-- အခုလဲသူက သမ္မတရုံးဝန်ကြီးဖြစ်တဲ့အချိန်မှာ အရင်လိုဂေါက်သီးအတူရိုက်တဲ့ အဆင့်တင် မဟုတ်ဘူး--၀န်ကြီးဌာန ၁၁ ခုကိုတောင် သူကိုင်ထားကြောင်း၊ သူကွပ်ကဲအုပ်ချုပ်နေရကြောင်း ပြောလာ နေပြန်ပါပြီ-- ဒါကြောင့်နောက်ဆိုရင် ကျန်နေတဲ့ဝန်ကြီးဌာနတွေကို သိမ်းပိုက်ချင်ပြီလားဆိုတာ စဉ်းစား ရပါတော့မယ် - သူအနေနဲ့ အလုပ်လုပ်လွန်းအားကြီးလို့ နောင်ဆိုရင် သမ္မတကြီးတောင် အလုပ်မရှိ တော့ဘဲနေမှာစိုးလို့ သမ္မတကြီးသိအောင် ကျနော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်-

စက်ရုံမှူးဟောင်းတစ်ဦး
---------------------------------------------------------------------------------------------------------------
၂၀၁၂ ခုနှစ်တွင် သီလ၀ါ သစ်ဆိပ်ရှိ နိုင်ငံတော်ပိုင် သစ်လုံးများ မီးလောင်းကျွမ်းမှု ဖြစ်ခဲ့ပြီး နိုင်ငံတော်ပိုင် သစ်လုံးများ တန်(၆၀၀၀)ခန့် မီးသင့်၍ ဆုံးရှုံးခဲ့ပါသည်။

(ဓါတ်ပုံ- အင်တာနက်)
(ဓါတ်ပုံ- အင်တာနက်)

အဆိုပါ သစ်လုံးများအား နိုင်ငံတော်မှ ပိုင်ဆိုင်သည့် ကုမ္ပဏီ တစ်ခုမှ တာဝန်ယူ ထုတ်လုပ်သည့် သစ်လုံးများ အတွင်းမှ တန်၁၀၀၀ ခန့်နှင့် CIFG ကုမ္ပဏီမှ တန် ၅၀၀၀ ခန့် မီး လောင်ဆုံးရှုံးခဲ့ရ ပါသည်။
သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီးနှင့် ပြည်ပ ရောင်းချရေး ဌာနမှ ၀န်ထမ်းများ အနေဖြင့် နိုင်ငံတော်ပိုင် သစ်လုံးများ မီးလောင် ပျက်စီး ဆုံးဆုံးပါက ၄င်းတို့တွင် တာဝန်ရှိပြီး အလုပ်ပြုတ် သွားရန်သာ ရှိပါသည်။
သို့သော် ၀န်ကြီးနှင့် တာဝန်ရှိသူများမှ ၄င်းမီးလောင်သည့် သစ်များ၏ တန်ဖိုးကို ဒေါ်လာဖြင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ လျော်ကြေးပေးရန် ပြည်ပအရောင်းဌာနမှ အထွေထွေမန်နေဂျာနှင့် ဒုထွေဂျာ ဦးတင်ဦးတို့မှ ဖုန်းဖြင့်ဆက်သွယ်၍ အောက်ပါအတိုင်း ညွှန်ကြားခဲ့ပါသည်။
 
မီးလောင်ဆုံးရှုံးခဲ့သည့် သစ်လုံးများအတွက် နိုင်ငံတော်မှ ဆုံးရှုံးနစ်နာမှု မရှိစေရေး အတွက် ကုမ္ပဏီများမှ ကျသင့် တန်ဘိုးငွေများ ပေးလျော်ရမည် ဖြစ်ကြောင်း ညွှန်ကြားခဲ့ပါသည်။ ၀န်ကြီးမှလည်း နိုင်ငံတော် ဘဏ္ဍာများ မဆုံးရှုံးစေရေး အတွက် ပေးသွင်းစေဟု အမိန့်ချခဲ့ပါသည်။
 
နိုင်ငံပိုင် ကုမ္ပဏီ တစ်ခု အတွက် တန်(၁၀၀၀)ခန့်အား တစ်တန်လျှင် ဒေါ်လာ (၁၀၀၀)နှုန်းဖြင့် နိုင်ငံခြား ကုမ္ပဏီတစ်ခုမှ တာဝန်ယူ၍ လျော်ကြေးပေးခဲ့သလို CIFG ကုမ္ပဏီအတွက် တန်(၅၀၀၀)ခန့် ကိုလည်း ဒေါ်လာ တစ်တန်ကို ဒေါ်လာ ၁၀၀၀ နုန်းဖြင့် ပေးသွင်းခဲ့ပါသည်။
 
လက်ရှိ ရရှိသော သတင်းအရ ယခု လျော်ကြေးငွေများမှာ နိုင်ငံတော် ဘဏ္ဍာသို့ မရောက်ရှိဘဲ ၀န်ကြီးနှင့် တကွ ၀န်ထမ်းများက လူလည်ကျသွားသည်ဟု သိရပါသည်။ သို့အတွက် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် အနေဖြင့် ယခုကဲ့သို့ နိုင်ငံတော် ဘဏ္ဍာငွေများ ဆုံးရှုံးသွားမူ အပေါ် အမြန်ဆုံး ပြန်လည် စိစစ်ရန် အကြံပြု တင်ပြအပ်ပါသည်။
 
ဆက်လက်ပြီးတော့ သမ္မတကြီး၏ Clean Government ကိစ္စနှင့်ပတ်သက်၍ တင်ပြလိုသည်မှာ သစ်တောရေးရာ ၀န်ကြီးဌာနနှင့် သစ်လုပ်ငန်းရုံး တို့တွင် သမ္မတ၏ အာဏာလွှမ်းမိုးမူ မရှိသလို ဖြစ်နေပါသည်။
 
အကြောင်းမှာ သစ်တောရေးရာ ၀န်ကြီးဌာနနှင့် သစ်လုပ်ငန်း ရုံးတို့တွင် လာဘ်ငွေများ လက်ခံရယူခြင်း၊ ချက်လက်မှတ်ဖြင့် သိန်းရာချီ၍ လက်ခံခြင်း၊ သီတင်းကျွတ် လက်ဆောင် ချက်လက်မှတ်၊ ခရီးသွား လက်မှတ် အပြင် ငွေကြေးများလက်ခံလျှက် ရှိနေဆဲဖြစ်ပါသည်။
 
ငွေမပေးပါက ၀န်ထမ်းများမှ ပညာပြခြင်း၊ စာချုပ်ချူပ်ဆိုရေး ကိစ္စများတွင်၎င်း၊ အခြားသော ကိစ္စရပ်များ တွင်၎င်း ငွေကြေးပေးမှ အဆင်ပြေလျှက်ရှိနေကြောင်း တင်ပြ အသိပေးအပ်ပါသည်။
ဒါ့အပြင် သစ်တောရေးရာဝန်ကြီး ဦးသိန်းအောင် ၊ ယခု ဧရာဝတီဝန်ကြီးချုပ် လက်ထက်မှ စတင်အသုံးပြုခဲ့ပြီး ယခု ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ကိုယ်တိုင်ကြိုက်နှစ်သက် လက်ခံသုံးစွဲနေတာက Direct Sale စနစ်ဖြင့် မြန်မာ့ သစ်များကို (တိုက်ရိုက် ရောင်းချခြင်း) ဖြစ်ပါသည်။ ဒီစနစ်ဟာ ၀န်ကြီး၏ Black Cheque ဖြစ်ပါသည်။ သူပေးချင် သူတွေကို ပေးပါသည်။ သူတို့ကို ကောင်းကောင်း ပေးသူတွေကို ရောင်းချပေးတဲ့ စနစ် ဖြစ်ပါသည်။ ပြီးတော့မှ စာချုပ်ချူပ် ကုမ္ပဏီများနှင့် ပေါင်းပြီး၊ သစ်လုံးကပ်၊ ၄င်းသစ်လုံးတွေကို တန်ဘိုးချ (နိုင်ငံတော် မျက်နှာ မထောက်) လုပ်စားနေကြပါသည်။ ပြီးတော့ သစ်ကွက်တွေကို လိုက်ရှာ ၀န်ထမ်းများနှင့် ပေါင်းစားပြီး လုပ်ချင်သလို လုပ်နေကြပါသည်။ သမ္မတကြီးလည်း ဦးဝင်းထွန်းဆီက ရထားသလားတော့မသိဘူး။ ဘာမှ မပြောဘဲ ငြိမ်ချက်သား ကောင်းလိုက်နေလိုက်တာ။
 
အကြံပြုလိုသည်မှာ Direct Sale စာချုပ်တွေကို ချက်ချင်း အမြန်ရပ်ပြီး သိမ်းလိုက်မည် ဆိုရင်တော့ နိုင်ငံတော် ဘဏ္ဍာငွေတွေ ကာကွယ်နိုင်မည် ထင်ပါသည်။ နောက်ပြီး တင်ပြလိုသည်မှာ တန်ဘိုးနည်း ဖုန်းတွေ ယခုရောင်းချနေတဲ့ ၂သိန်း ၂သိန်းခွဲ ဖုန်းတွေထက် ကောင်းမွန် သက်သာသော ဖုန်းများ ရောင်းချပေးပါရန် စီစဉ်နေပါသည် ဆိုသော တက်သွယ်ရေး ၀န်ကြီး ဦးသိန်ထွန်းနှင့် သာသနာရေးဝန်ကြီး ဦးမြင့်မောင်တို့ကို အလုပ်က ဖြုတ်လိုက်ကြောင်း သတင်းစာများတွင် တွေ့ရပါသည်။
 
ဖုန်းတန်ဘိုးတွေချပါမယ်လို့ ပြောနေရက်နဲ့ ဖြုတ်လိုက်တဲ့ အပြင် အခုတော့ ဆက်သွယ်ရေးက ၀န်းထမ်း ကြီးကြီးများကိုပါ ခေါ်ယူ စစ်ဆေးနေကြောင်း သိရပါသည်။ ၀န်ကြီး အလုပ်ပြုတ်သွားသည်မှာ ခရိုနီများဆီက ငွေတွေစားထား၍ ဖြစ်သည်ဟု သိရပါသည်။ ခရိုနီတွေက အခုလည်းကျွေးနေကြပါသည်။ ၀န်ကြီးက ပြုတ်သွားတာတောင် ဘန်ကောက်အထိ လိုက်ပြီး ကျွေးမွေးပြုစုတုန်းဟု သိရပါသည်။
 
ပြည်သူတွေ သိချင်နေတာက အိမ်နီးချင်နိုင်ငံတွေမှာ ဖုန်းကဒ်တစ်ကဒ်ကို တစ်ဒေါ်လာမှ စတင်၍ ၅ ဒေါ်လာ အကြား ဈေး တွေဖြင့် ရောင်းချနေပါလျှက် မြန်မာပြည်တွင် လွန်ခဲ့သော နှစ်အနည်းငယ်စပြီး ပြည်သူ ပြည်သား နင်းပြား၊ ကျောမွဲ၊ လက်လုပ်လက်စားများကို တာဝန်ရှိသူများက ရောင်းချခဲ့သည်မှာ ဆင်းကဒ် တစ်ခု တစ်ဆယ်ငါးသိန်း၊ တယက ရံပုံငွေ (နှစ်သိန်း) – ပေါင်း (၁၇)သိန်း၊ နောက်တော့ ဆင်းကဒ် တစ်ခု (၅)သိန်း၊ ၎င်း နောက်ပိုင်းတွင် ဆင်းကဒ်တစ်ခု (၂)သိန်း ၊ (၂)သိန်းခွဲ ယခုတော့ (၇)သောင်း (၅)သောင်းဖြင့် ရောင်းချရန် ကြားနေရပါသည်။ တစ်ခြားနိုင်ငံများနှင့် နိုင်းယှဉ်လျှင် မြန်မာနိုင်ငံမှ ဆင်းကဒ်များမှာ ဈေးများ အဆမတန် ကွာလွန်းလှပါသည်။
 
သုံးလေး ဒေါ်လာသာ တန်သော ဆင်းကဒ် တစ်ခုကို သိန်း ဆယ်သိန်း၊ ဆယ့်ငါးသိန်းဖြင့် ရောင်းချခဲ့သော ငွေများ နိုင်ငံတော် ဘဏ္ဍာငွေတွေထဲ ရောက်သလား။ ဘယ်လို၊ ဘယ်လောက် နိုင်ငံတော် ဘဏ္ဍထဲ ၀င်ခဲ့တယ်ဆိုတာကို ပြည်သူပြည်သားတွေကို သိအောင် သမ္မတကြီး အနေဖြင့် ရှင်းလင်း ချပြစေလိုပါသည်။
အဆိုပါ ဖုံးဆင်းကဒ် ရောင်းရငွေများကို ခရိုနီများနှင့် ၀န်ထမ်းများ စားသွားတယ်ဆိုရင်လည်း စားသည့် အတိုင်း သိခွင့်ရှိရင် သိချင်လှပါသည်။
 
သမ္မတကြီး ခင်ဗျား ယခု စစ်ဆေးနေသည် ဆိုသော ဆက်သွယ်ရေးဝန်ကြီး ၀န်ထမ်းတွေအပြင် ၄င်းတို့ကို ပံ့ပိုးခဲ့သော ခရိုနီများကိုလည်း ခေါ်ယူ စစ်ဆေး ပေးစေလိုပါသည်။ ကုမ္မဏီက ပေးတာက ဘယ်လောက်၊ နိုင်ငံတော်က တကယ်ရတာ ဘယ်လောက် စသည့်ဖြင့် အမည်တွေ ဖေါ်ပြပြီးတော့ ပြည်သူ လူထု သိအောင် ထုတ်ပြန်ပေးစေလိုပါသည်။
(တိုင်းပြည်ချစ်သူ တစ်ဦး)

သတင်းရင်းမြစ် - နိရဉ္စရာ

0 comments: