မိမိအင်အားထက် အဆ ၂၀ လောက် ကြီးမားကွာဟတဲ့ တစ်ဘက်တပ်ဖွဲ့နဲ့ ရင်ဆိုင် တိုက်ခိုက်ရတာ ခရောင်းလမ်းဆိုတာ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တွေ ကောင်းကောင်း သိတာပေါ့ဗျာ။ ရှင်းရှင်းပြောရင် ကိုယ့်ဘက်က အကျအဆုံး များမယ်၊ အဆုံးစွန် မိမိနယ်မြေတွေ လက်လွှတ်ရနိုင်တယ် ဆိုတာလည်း တွက်ချက်ပြီးသားပေါ့ဗျာ။ အင်အားအရ၊ နောက်ခံ ငွေကြေးဖြုန်းနိုင်မှုအရ၊ စစ်ရေးကိရိယာ တန်ဆာပလာ ပိုင်ဆိုင်မှုအရ ကိုယ့်ဘက်က အောက်စည်းနဲ့ စစ်ထိုးစစ်ခံ နေရတယ်ဆိုတာ မသိ ဘယ်နေလိမ့်မလဲဗျာ။
ကျစမ်း.. ဟောတစ်ယောက် ဟောတစ်ယောက်။
ကျစမ်း.. ဟောတစ်ကုန်း ဟောတစ်ကုန်း။
ဒါတွေအားလုံး ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ မျှော်လင့်ပြီးသား။
တစ်ယောက်ကျ တစ်ကုန်းဆုံးတိုင်း
ဧရာဝတီတိုင်းသား မိခင်ဖခင်က မွေးဖွားလို့ လူဖြစ်လာခဲ့တဲ့
ဗမာစစ်စစ် တစ်ရွေးသား သွေးမနှောတဲ့ ငါဟာ..
နိုင်သွားလို့  အောင်ပွဲခံရစ်မူးနေကြတဲ့ အစိုးရ ဗမာစစ်တပ်ကို
မုန်းပြီးရင်းမုန်း အသည်းထဲထိအောင် နာနာကျင်ကျင် မုန်းတီးရင်း
ကချင်လူမျိုးတို့ ရဲ့  “အလံမလှဲသောစိတ်ဓာတ်” အတွက် ဂုဏ်ယူနေမိတော့တယ်။
တိုင်းရင်းသားတွေရဲ့  “သူတစ်ကျပ်ကိုယ်တစ်ကျပ် အခွင့်အရေးတိုက်ပွဲ” အတွက်
အလေးပြု ဦးညွတ်နေမိတော့တယ်။
( Aungmyo Tun )
Sunday, January 27, 2013
“သူတစ်ကျပ်ကိုယ်တစ်ကျပ် အခွင့်အရေးတိုက်ပွဲ”
photo by - Black Angle
Copy from - Jade Land
Posted by PNSjapan at 2:16 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment