Thursday, January 17, 2013

ပန်ကန်တိုက်ပွဲတွင် အစိုးရတပ်ဖွဲ့ဝင်(၂)ဦးသေ (၃)ဦးဒဏ်ရာရ

PSLF/TNLA တပ်ဖွဲ့ဝင်များ
ရက်စွဲ။ ။ ၁၆ ရက် ဇန်န၀ါရီလ ၂၀၁၃-ခု

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-TNLA တပ်ရင်း(၁၁၂)နှင့် မန်တုံ အခြေစိုက် ခလရ တပ်ရင်း(၁၃၀)၊ နမ္မတူ အခြေစိုက် ခမရ တပ်ရင်း(၃၂၄)ပါဝင်သည် တအာင်းဒေသသို့ ထိုးစစ်ဆင်လာသော မြန်မာ တပ်ဖွဲ့တို့သည် ဇန်န၀ါရီလ - ၁၅ ရက် မနက် ၁၀နာရီမှ ၁၁နာရီအထိ မန်တုံမြို့နယ် ပန်ကန်ကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် အစိုးရ တပ်မတော်မှ ၂-ဦး ကျဆုံးသည့်အပြင် တပ်သား (၃)ဦးလည်း ဒဏ်ရာ အပြင်းအထန် ရရှိသွားပါ သည်။ TNLA- တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ အဖွဲ့ဝင် တစ်ဦးလည်း တအာင်းအမျိုးသား လွတ်မြောက်ရေး အတွက် အသက်ပေးလှူသွားခဲ့သည်။

PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး
မေးမြန်းလိုပါက ။။ ၁၅၅ ၀၈၈၄ ၄၆၅၂ ဖြင့် ဆက်သွယ်နိုင်သည်။

0 comments: