Wednesday, January 16, 2013

ပြန်လည် ခုခံပစ်ခတ်မှုကြောင့် ပျက်ကျရတာလို့  တရုတ် သတင်းဌာနတွေက ထုတ်ဖေါ်ပြောဆို..


 Photo: ဖွတ်ကြီး ယောက်ဖ တရုတ်ကြီးကတော့ ပြတ်ပြတ်သားသားကြီး ကို မြန်မာ MI35 ရဟတ်ယာဉ် ပစ်ခံရကြောင်း ပြသသွားပါပြီ ။ ပစ်ခံရရ ၊ ပျက်ပဲကျကျ .... ဒေါ်လာ ၃၆ သန်း ၊ မြန်မာစစ်သား ၃ ဦး ဆုံးရုံးရတဲ့ ရလဒ်ကတော့ မပြောင်းသွားပါဘူး ....

ဒါပေမယ့် ... ကျနော် လုံးဝ အချဉ်ပေါက်တာက ... လိမ်တာ ၊ ဗြောင်လိမ်တာ ၊ ဟောက်စား တာ .... 

မြန်မာဖြစ်ရတာလဲ မလွယ်ပါလားနော် ၊ မွေးကတည်းက အလိမ်ခံလာရတာ ....
မြန်မာ MI35 ရဟတ်ယာဉ် ပစ်ခံရကြောင်း ပြသသွားပါပြီ ။ ပစ်ခံရရ ၊ ပျက်ပဲကျကျ .... ဒေါ်လာ ၃၆ သန်း ၊ မြန်မာစစ်သား ၃ ဦး ဆုံးရုံး
 

စစ်ရဟတ်ယာဉ် စက်ချို့ ယွင်းပျက်ကျတာ မဟုတ်ဘဲ မြေပြင်မှ ပြန်လည် ခုခံပစ်ခတ်မှုကြောင့် ပျက်ကျရတာလို့  တရုတ် သတင်းဌာနတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပြီ။

ကချင်ပြည်နယ်ဒေသကို သွားရောက် ထိုးစစ်ဆင် တိုက်ခိုက်ပြီး စစ်လေယာဉ် စစ်ရဟတ်ယာဉ်တွေနဲ့  ပစ်ခတ်ခဲ့တဲ့ စစ်ရဟတ်ယာဉ် တစ်စီး မြေပြင်ပေါ်က ပြန်လည် ခုခံပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တာကို သတင်းအမှန် မဖေါ်ပြဘဲ ပြည်သူလူထုကို လိမ်ညာ သတင်းထုတ်ပြန်တဲ့ စစ်အုပ်စုဝါဒဖြန့် သတင်းအမှားကို ယခုအခါမှာ တရုတ် သတင်းဌာနတွေက ဖေါ်ထုတ်လိုက်ပါပြီ။

မြန်မာစစ်ရဟတ်ယာဉ်ဟာ မြေပြင်ပေါ်ကနေ ပြန်လည် ခုခံပစ်ခတ်လို့  မီးလောင်ကာ မြေပြင်ကို ချက်ခြင်း ထိုးစိုက် ပျက်ကြခဲ့တယ်လို့  မှတ်တမ်း အထောက်အထားတွေနဲ့  တရုတ်သတင်း ဌာနတွေ က ပြောဆို လိုက်တာ ဖြစ်ပါတယ်။

အဂ္ဂမဟာ ဒီမိုဖက်တီး, အင်တာနက်စာမျက်နှာသတင်းမှ

0 comments: