
ဓါတ်ပုံ- လက်နက်ကြီးပစ်ခတ်သံများကြားပြီးနောက် တွေ့မြင်ရသော မီးခိုးလုံးမျာ
မိုင်ဂျာယန် ၊ ဇန်န၀ါရီ ၂၂
ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းရန် အမိန့် ထုတ်ပြန်ထားသော်လည်း ကချင်ပြည်နယ် လိုင်ဇာမြို့ ပတ်ဝန်းကျင် ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှ စတင်၍ ကချင်လွတ်မြောက်ရေး တပ်မတော်အား ထိုးစစ်ဆင်မှုကို ရပ်ဆိုင်းရန် ကြေညာချက်အမှတ် ( ၃ /၂၀၁၃)ဖြင့် ပြည်ထောင်စုအဆင့် သတင်း ထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန် ခဲ့သော်လည်း ထိုနေ့မှ စတင်၍ ကချင်ပြည်နယ် လိုင်ဇာမြို့ ၀န်းကျင်
အနီးတိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း ဒေသခံအချို့ကပြောသည်။
အနီးတိုက်ပွဲများ ပိုမိုပြင်းထန်လာကြောင်း ဒေသခံအချို့ကပြောသည်။
““ အဲဒီနောက်ပိုင်း တိုက်ပွဲတွေ အပြင်းအထန်ပိုဖြစ်လာတယ်။ ဂျန်ပိုင်၊ လိုင်ဇာဘက်တွေမှာ ပိုဖြစ်တယ်။ ”” ဟု မိုင်ဂျာယန်မြို့အတွင်း စစ်ရှောင် ကယ်ဆယ်ရေးစခန်းမှာ ဖွင့်လှစ် ကူညီပေးလျက်ရှိသူ ဒေါ်မေရီသောင်က ပြောသည်။
ထို့အတူ ဇန်န၀ါရီလ ၁၉ ၊ ၂၀ ရက်များတွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော် စစ်သားအချို့ကျဆုံးခဲ့သည်ကို ကိုယ်တိုင် သယ်ယူပို့ဆောင်မှု ဆောင်ရွက် ပေးခဲ့ရကြောင်း ရဲဘော်သုံးကျိတ်ဝင် ဗိုလ်ချုပ် ကျော်ဇော၏ သားဖြစ်သူ ရွှေလီမြို့ခံ ဦးအောင်ကျော်ဇောက ပြောသည်။
ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည့်နည်းတူ ဇန်န၀ါရီလ ၁၁ ရက်က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာရှိရန် ဆွေးနွေးမှု တည်ဆောက်ပြီး စစ်ရေးအရှိန် တင်းမာနေမှုများကို လျော့ချပြီး ထာဝရငြိမ်းချမ်းရေး လမ်းကြောင်းကို တည်ဆောက်ရန် တွေ့ဆုံ ဆွေးနွေးရေး ကမ်းလှမ်းချက်အဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ က ကချင်လွတ်မြောက်ရေး တပ်မတော်သို့ ကမ်းလှမ်းစာကို ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ ဇန်န၀ါရီလ ၁၉ ရက်ကပေးပို့ခဲ့ကြောင်းသိရသည်။
““ ထိုးစစ် မဆင်တော့ဘူးပြောပေမယ့် လက်နက်ကြီးသံတွေက တောက်လျောက် ကြားနေရတုန်းပဲ၊ မကြားရတဲ့နေ့ မရှိဘူး။”” ဟု ဗန်းမော်ခရိုင်အတွင်းရှိ စစ်ရှောင်စခန်း ၆ ခုအား ထောက်ပံ့ ကူညီမှုပေးနေသော IRRC အဖွဲ့ ဥက္ကဋ္ဌ ဦးဆိုင်းလီက ပြောသည်။
ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများနှင့်ပတ်သက်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု ၃ ကြိမ် လုပ်ခဲ့သော်လည်း ယခုထိ အောင်မြင်မှု မရရှိသေးကြောင်း၊ ၂၀၁၁ ခုနှစ် ဇွန်လ မှ စတင်၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ကျော်လာခဲ့ပြီ ဖြစ်ကြောင်းသိရသည်။
ဥာဏ်လင်းအောင်
ဓါတ်ပုံ- လက်နက်ကြီးပစ်ခတ်သံများကြားပြီးနောက် တွေ့မြင်ရသော မီးခိုးလုံးမျာ
Copy from - POPULAR MYANMAR NEWS JOURNAL
0 comments:
Post a Comment