Thursday, January 31, 2013

ငြိမ်းချမ်းရေးအလံများကို ကိုင်ဆောင်၍ စစ်ပွဲများ ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်မှု မုံရွာမြို့မှ လိုင်ဇာမြို့သို့ စတင်ထွက်ခွာ


photo by - The Voice Weekly
 
စစ်ပွဲများ ရပ်ဆိုင်းရန် ဆန္ဒ ဖော်ထုတ်မှုအနေဖြင့် မုံရွာမြို့ခံအချို့ စုပေါင်းကာ ကချင်ပြည်နယ် လိုင်ဇာမြို့သို့ ယနေ့နံနက် ၁၀ နာရီတွင် စတင်ထွက်ခွာ သွားပြီဟု သတင်းရရှိသည်။

အဆိုပါ အဖွဲ့သည် ငြိမ်းချမ်းရေးအလံများကို ကိုင်ဆောင်၍ မုံရွာမြို့ ပေါ်တော်မူစေတီရှေ့မှ ထွက်ခွာသွားပြီး သံဃာတော် တစ်ပါး အပါအ၀င် ၅ ဦးပါဝင်ကြောင်း 7Day News မုံရွာ သတင်းထောက်က သတင်းပို့သည်။ ထို့ပြင် မြင်းမူ၊ ချောင်းဦး၊ မန္တလေးတို့မှ လိုက်ပါရန် စောင့်ဆိုင်း နေသူများနှင့် ပူးပေါင်းမည်ဟု သိရသည်။

Copy from - 7Day News Journal

0 comments: