Sunday, January 6, 2013

သျှမ်းပြည်တပ်မတော် နယ်မြေသို့ အစိုးရတပ် နယ်ကျွံ ပစ်ခတ်မှုဖြစ်ပွါး အစိုးရတပ် တယောက်သေ

သျှမ်းပြည်တပ်မတော်နယ်မြေသို့အစိုးရတပ်နယ်ကျွံ ပစ်ခတ်မှုဖြစ်ပွါး အစိုးရတပ် တယောက်သေ

Saturday, January 05, 2013 Posted by သျှမ်းသံတော်ဆင့်

ယနေ့နံနက်ပိုင်း၌ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ အတွင်း သျှမ်းပြည်တပ်မတော် နှင့် မြန်မာ အစိုးရခတပ်တို့အကြားတိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားကာ အစိုးရတပ် တယောက်သေဆုံး ကြောင်း ဟိုမိန်း သတင်းရပ်ကွက်က ပြောပါသည်။

“အစိုးရတပ်က လွယ်လန်း - တာ့ဆုပ်တိန်း (တံလွင်ကူးတို့ဆိပ်) ကို လမ်းဖေါက်မယ်လို့ ပြောလာတယ်။ ကျနော်တို့ သဘောတူတယ်။ ကျနော်တို့တပ်မှူးနဲ့တွေ့ဖို့ ခွင့်တောင်းလာတယ်။ ကျနော်တို့က စားဖို့သောက်ဖို့ တောင်ပြင်ဆင် ထားတယ်။ သူတို့က ပြောတဲ့အတိုင်းမလုပ်ဘဲ လမ်းမကနေ နယ်ကျွံပြီး ကျနော်တို့ တပ်စခန်း ကို ဦးတည်တယ်။ ကျနော်တို့လှုပ်ရှားတပ်နဲ့တိုက်ပွဲဖြစ်တယ်။ ဒီနေ့ပဲ သုံးကြိမ်ဖြစ်တယ်။ သူတို့ ဘက် တ ယောက်သေတယ်။ ကျနော် တို့ဘက်တော့ဘာမှမဖြစ်ဘူး” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ် ဆိုင်က ပြောပါသည်။

ဂျန္နဝါရီ ၅ ရက် နံနက် ၇:၀၅ မှ ၇:၄၀ နာရီအထိ အစိုးရတပ်ခမယ ၅၁၄ အင်အား ၂၅ ယောက်က ဟိုမိန်းမြို့အနောက် တောက်ဘက် ကီလိုမီတာ ၂၀ ကျော်၊ ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင် ဘန့်ရတ်ထိုင်းရွာ အနောက် မြောက်ဘက် ၇ ကီလိုမီတာ ဝမ့်မိုင်ရွာအနီး လွယ်နဂါးတောင်ကျော ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ကြောင့် အစိုးရတပ် ၁ ယောက် သေဆုံးကြောင်း သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က အတည်ပြုပါသည်။

“အမှန်ကတော့ ကျနော်တို့ သတင်းရရှိချက်အရ ခလရ ၂၈၇ အင်အား ၁၀၅ ယောက်က ဝမ့်ကောဝ် ကနေ တက်လာ တယ်လို့ကြားတယ်။ ခမရ ၅၁၄ က အနောက်ကနေ ပိတ်ထားမယ်ဆိုတဲ့သဘော။ အခုက ခလရ ၂၈၇ က ရောက်မလာ သေးဘဲ ခမယ ၅၁၄ နဲ့ ထိပ်တိုက်တွေ့မိလို့ တိုက်ပွဲဖြစ်ခဲ့ရတာပါ ။ အခုလဲ ကျောက် တောင်ကြီးက ခြားထားလို့  ကျနော်တို့ကို လက်နက်ကြီးနဲ့ထုနေတယ်” - ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောပါသည်။

ပစ်ခတ်မှုကြောင့် ဝမ့်မိုင်ရွာမှ ရွာသားမိသားစု ၁၀ ခုထက်မနည်း နယ်စပ်ဘက်သို့ ထွက်ပြေးခိုလှုံ ကြောင်း နယ်စပ် ဒေသမှပေးပို့သောသတင်းအရသိရသည်။

“အစိုးရတပ်က သဘောတူညီချက်ကို မလိုက်နာလို့ တိုက်ပွဲဖြစ်ခဲ့ရတာ။ ဒါကြောင့်အများတောင်းဆိုနေတဲ့ အတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမှ ဒါတွေ ရှင်းနိုင်လိမ့်မယ်” - ဟု ဗိုလ်မှူးလောဝ် ဆိုင်ကပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့ ပဏာမအဆင့် အပစ်ရပ်သဘော တူညီမှုရယူပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ ကျော်ဖြစ်ပွားရမှာ အများအားဖြင့် အစိုးရတပ်ဘက် သဘောတူညီ ချက်လိုက်နာခြင်းမရှိဘဲ နယ်ကျွံသောကြောင့်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော်က ပြောပါသည်။

January 05, 2013

ယနေ့နံနက်ပိုင်း၌ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲ အတွင်း သျှမ်းပြည်တပ်မတော် နှင့် မြန်မာ အစိုးရခတပ်တို့အကြားတိုက်ပွဲ သုံးကြိမ်ထက်မနည်း ဖြစ်ပွားကာ အစိုးရတပ် တယောက်သေဆုံး ကြောင်း ဟိုမိန်း သတင်းရပ်ကွက်က ပြောပါသည်။
“အစိုးရတပ်က လွယ်လန်း - တာ့ဆုပ်တိန်း (တံလွင်ကူးတို့ဆိပ်) ကို လမ်းဖေါက်မယ်လို့ ပြောလာတယ်။ ကျနော်တို့ သဘောတူတယ်။ ကျနော်တို့တပ်မှူးနဲ့တွေ့ဖို့ ခွင့်တောင်းလာတယ်။ ကျနော်တို့က စားဖို့သောက်ဖို့ တောင်ပြင်ဆင် ထားတယ်။ သူတို့က ပြောတဲ့အတိုင်းမလုပ်ဘဲ လမ်းမကနေ နယ်ကျွံပြီး ကျနော်တို့ တပ်စခန်း ကို ဦးတည်တယ်။ ကျနော်တို့ လှုပ်ရှားတပ်နဲ့တိုက်ပွဲဖြစ်တယ်။ ဒီနေ့ပဲ သုံးကြိမ်ဖြစ်တယ်။ သူတို့ ဘက် တ ယောက်သေတယ်။ ကျနော် တို့ဘက်တော့ဘာမှမဖြစ်ဘူး” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောဝ် ဆိုင်က ပြောပါသည်။

ဂျန္နဝါရီ ၅ ရက် နံနက် ၇:၀၅ မှ ၇:၄၀ နာရီအထိ အစိုးရတပ်ခမယ ၅၁၄ အင်အား ၂၅ ယောက်က ဟိုမိန်းမြို့အနောက် တောက်ဘက် ကီလိုမီတာ ၂၀ ကျော်၊ ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင် ဘန့်ရတ်ထိုင်းရွာ အနောက် မြောက်ဘက် ၇ ကီလိုမီတာ ဝမ့်မိုင်ရွာအနီး လွယ်နဂါးတောင်ကျော ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲ ကြောင့် အစိုးရတပ် ၁ ယောက် သေဆုံးကြောင်း သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က အတည်ပြုပါသည်။

“အမှန်ကတော့ ကျနော်တို့ သတင်းရရှိချက်အရ ခလရ ၂၈၇ အင်အား ၁၀၅ ယောက်က ဝမ့်ကောဝ် ကနေ တက်လာ တယ်လို့ကြားတယ်။ ခမရ ၅၁၄ က အနောက်ကနေ ပိတ်ထားမယ်ဆိုတဲ့သဘော။ အခုက ခလရ ၂၈၇ က ရောက်မလာ သေးဘဲ ခမယ ၅၁၄ နဲ့ ထိပ်တိုက်တွေ့မိလို့ တိုက်ပွဲဖြစ်ခဲ့ရတာပါ ။ အခုလဲ ကျောက် တောင်ကြီးက ခြားထားလို့ ကျနော်တို့ကို လက်နက်ကြီးနဲ့ထုနေတယ်” - ဟု ရှေ့တန်းရောက် တပ်မှူးတဦးက ပြောပါသည်။

ပစ်ခတ်မှုကြောင့် ဝမ့်မိုင်ရွာမှ ရွာသားမိသားစု ၁၀ ခုထက်မနည်း နယ်စပ်ဘက်သို့ ထွက်ပြေးခိုလှုံ ကြောင်း နယ်စပ် ဒေသမှပေးပို့သောသတင်းအရသိရသည်။

“အစိုးရတပ်က သဘောတူညီချက်ကို မလိုက်နာလို့ တိုက်ပွဲဖြစ်ခဲ့ရတာ။ ဒါကြောင့်အများတောင်းဆိုနေတဲ့ အတိုင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းမှ ဒါတွေ ရှင်းနိုင်လိမ့်မယ်” - ဟု ဗိုလ်မှူးလောဝ် ဆိုင်ကပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတို့ ၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့ ပဏာမအဆင့် အပစ်ရပ်သဘော တူညီမှုရယူပြီးနောက်ပိုင်း တိုက်ပွဲပေါင်း အကြိမ် ၃၀ ကျော်ဖြစ်ပွားရမှာ အများအားဖြင့် အစိုးရတပ်ဘက် သဘောတူညီ ချက်လိုက်နာခြင်းမရှိဘဲ နယ်ကျွံသောကြောင့်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော်က ပြောပါသည်။
 
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့်

0 comments: