Wednesday, January 9, 2013

ကချင်ပြည်နယ်တွင် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများ အမြန်ဆုံးကို ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖေါ်ပွဲအား ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

ကချင်ပြည်နယ်တွင် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများ အမြန်ဆုံးကို ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖေါ်ပွဲ ဖိတ်ကြားလွှာ
 
နေ့စွဲ ၂၀၁၃ခုနှစ် ဇန္န၀ါရီလ (၈)ရက်
 
မြန်မာနိုင်ငံတွင် တပ်မတော်မှကချင်ဒေသအတွင်းထိုးစစ်ဆင်နေမှုများကြောင့်
ဒေသခံကချင်ပြည်သူများ စစ်ဘေးမှလွှတ်မြောက်ရေးအတွက်မိမိတို့၏နေအိမ်များကို
စွန့်ခွါကာ ဘေးကင်းရာဒေသများသို့ ထွက်ပြေးကြရသည်မှာ
ယခုအခါ တသိန်းကျော်နေပြီဖြစ်ပါသည်။ အထူးသဖြင့် ဒုက္ခရောက်ကြရသူများမှာ
သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့်ခလေးသူငယ်များဖြစ်ပါသည်။
 
 
မိမိတို့၏သွေးချင်းညီနောင်များ နေရပ်အမြန်ဆုံး ပြန်နိုင်ရေးအတွက် တပ်မတော်အနေနှင့်
စစ်ပွဲများအမြန်ရပ်ဆိုင်းပေးရန် ဆန္ဒထုတ်ဖေါ်ပွဲကို အောက်ပါအစီအစဉ်အတိုင်း
ကျင်းပမည်ဖြစ်ပါ၍ ကချင်တိုင်းရင်းသားများနှင့်အတူ ပူးပေါင်းပါဝင်လက်တွဲပါဝင်ကြပါရန် ဖိတ်ကြားအပ်ပါသည်။
 
 
နေ့ရက်၊ ၁၁-၁-၂၀၁၃ (သောကြာနေ့)
နေရာ၊ မြန်မာ့သံရုံး၊ ရှီနာဂါဝါ၊ တိုကျိုမြို့၊
အချိန်၊ ညနေ ၃နာရီမှ ၄နာရီ

 
အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်)

0 comments: