မနေ့က ၉ နာရီလောက်ကနေ စတင်ပြီးတော့ အစိုးရတပ်က လက်ဂျားယန်နဲ့ တစ်မိုင်လောက်သာ ဝေးတဲ့ ဖွန်းပျဉ်ဘွမ်ဆိုတဲ့ စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး ထိုးစစ်ဆင်ခဲ့ပါတယ်။
၂ဖက် အကျအဆုံးတွေတော့ အခုထိ မသိရသေးပါဘူး။ အစိုးရတပ်က မနေ့က အဲဒီစခန်းကို လက်နက်ကြီးတွေ သာမက လေယဉ်တွေနဲ့ပါ ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။
မနေ့က ညနေ ၃နာရီကျော်လောက်မှာ အစိုးရတပ်က စစ်ရဟတ်ယဉ် ၃စီး၊ ဂျက်တိုက်လေယဉ် ၂ စီး၊နဲ့ လာပြီး ၇၇၁ တောင်ကုန်းပေါ်ကို ရဟတ်ယဉ် ၂စီးက ဆင်းသွားပြီး ကျန်တဲ့ လေယဉ်တွေက အဝေး ကနေပျံသန်းကာ ပစ်ခတ်တာတွေလဲ ရှိခဲ့ပါတယ်။
အဲဒီ ၇၇၁ တောင်ကုန်းဘေးပတ်ဝန်းကျင်မှာလဲ အစိုးရတပ်တွေနဲ့ ကေအိုင်အေ တပ်တွေ နေရာယူထားတာတွေလဲ ရှုပ်ထွေး နေတာကြောင့် မကြာခဏ တိုက်ပွဲတွေ ဖြစ်နိုင်ပါတယ်။
အစိုးရတပ်တွေနဲ့ ကေအိုင်အေ တပ်တွေဟာ မနေ့က မဒီးယန်၊ နမ့်ဆန်ယန်၊ တပ်မဟာ ၄ဒေသ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေသလို အစိုးရတပ်က လက်နက်ကြီး၊ လေယဉ်နဲ့ စစ်အင်အားတွေလဲ အများအပြား ပြင်ဆင်နေဆဲဖြစ်တာကြေ
ဒီနေ့မနက် ၈း၁၅ မိနစ်မှာလည်း မိမိတို့ကျောင်းသား တပ်မတော်နဲ့ မဟာမိတ်အေအိုင်အေ ပူးပေါင်းတပ်များ သည် ထပ်တက်လာသော မြန်မာစစ်တပ်ကို ဟန့်တား တိုက်ခိုက်နေသောကြောင့် တုန်ဟုန်းရွာ အနီးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတယ
Min Htay
0 comments:
Post a Comment