video by - Maha Mingyi
မိချောင်းကန်သားတွေ ပြန်ထကြပြီ
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း(၁) အပိုင်း(၂) အား စစ်အာဏာသိမ်းပြီးနောက် ၄င်းရပ်ကွက်များမှ ကျောင်းသားခေါင်းဆောင်များ လူငယ်ခေါင်ဆောင်းများသည် ဒီမိုကရေစီအရေး အုံကြွမှုတွင် ဦးဆောင်သော နေရာမှ ပါဝင်ခဲ့သည့်အတွက် အကြောင်းပြချက်မရှိပဲ ၄င်းရပ်ကွက်များအား လက်ညိုးထိုး ဖျက်ဆီးပစ်ခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရန်ကုန်မြို့နှင့် ဝေးလံသော တောင်ဒဂုံ၊ မြောက်ဒဂုံ သို့ စစ်ထရပ်ကားများဖြင့် ပို့လွှတ်ခဲ့ခြင်း ခံခဲ့ကြရသည်။ လူငယ် အမြောက်အများ ဖမ်းဆီးခြင်း နှိပ်စက် သတ်ဖြတ်ခြင်းများလည်း ခံခဲ့ကြရသည်။
ထိုအထဲတွင် ယခု ၈၈ ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကို မင်းကိုနိုင်လည်း အပါဝင်ဖြစ်ခဲ့သည်။ကိုမိုးသီးဇွန်မှာ ပြည်ပသို့ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ကိုသက်ထွန်း မှာလဲ ဥပဒေမယ့် ထောင်ချခြင်း ခံရပြီးနောက် ပြည်ပသို့ တိမ်းရှောင် ထွက်ပြေးခဲ့သည်။
ယခုအခါ ပွင့်လင်းလာပြီဖြစ်သည့် အခြေနေတခုသို့ ရောက်ရှိလာသော အချိန်တွင် မိမိတို့၏ အခွင့်ရေးများ ကာလကြာရှည်စွာ ချိုးဖေါက်မှုအား ဖေါ်ပြနိုင်မည့် အခွင့်လမ်းများနှင့် အတူ တရားဥပဒေစိုးမိုးရေး ရှု့ထောက်မှ မိမိတို့၏ အခွင့်ရေးချိုးဖေါက်ခံရမှုအား ဆောင်ရွက်ပေးရန်ရန်ကုန်တိုင်း င်္သဃန်းကျွန်းမြို့နယ်တွင် တောင်းဆိုလှည့်လည် ဆန္ဒပြနေကြပါသည်။
ဂိုလ်ရှယ်လေး
မှတ်ချက်
ဂိုရှယ်လေးသည် မိချောင်းကန် အပိုင်း ၁ တွင် မွေးဖွားကြီးပြင်းခဲ့ပြီ ယခုတိုင် ဒီမိုကရေစီနှင့် လူ့အခွင့်ရေးအတွက် တန်တူညီမျှမှုအား တရားဥပဒေအညီရရှိအောင် ဆက်လက်တိုက်ပွဲဝင်လျှက်ရှိပါသည်။

Maha Mingyi အင်တာနက်စာမျက်နှာသတင်းမှ
0 comments:
Post a Comment