အစိုးရတပ်များသည် လိုင်ဇာကို စိုးမိုးနိုင်ရန် (ပွိင့် ၁ဝ၁၂) ဖြစ်သော ခါယာဘွမ်ဟုခေါ်သော တောင်ကျောသိမ်းပိုက်ရန် အပြင်းထန်ဆုံး စစ်ဆင်နေသည့် ယနေ့တိုက်ပွဲတွင် မအောင်မြင်ဟု ခါယာတောင်ကျော၏ KIA တိုက်စစ်မှူး တဦး က ကဆိုပါသည်။
“ ခါယာဘွမ်ကတော့ လိုင်ဇာအတွက် နောက်ဆုံး ခံကတုတ်ဆိုရင် မမှားပါဘူး။ ဒါကြောင့်အစိုးရက တန်ဘိုးကြီးကြီး ပေးပြီး ကြိုးစားနေတာပါ။ လက်နက်ကြီးဆိုရင်လည်း မြေဆူမတတ် ပစ်တယ်။ မြေပြင်တပ်ကိုလည်း အသေခံပြီး တက်တယ် ။ အသေခံတော့လဲ သေတာပေါ့ဗျာ။ ဒီနေ့ဆိုရင် မနက် (၄) နာရီကတည်းက လက်နက်ကြီးတွေနဲ့ ပစ်နေတာလေ။ မြေ ပြင်တပ်ဖွဲ့နဲ့လည်း (၃) ဖက်သုံးတန် ကနေတက်တယ်။ ဒါတောင် တက်မရပါဘူး။ ဒီနေ့ကျတော့ လေယာဉ် မသုံးဘူးဗျ။ အဓိကကလက်နက်ကြီးတွေဘဲ တအားသုံးတယ်။” ဟု ဆိုပါသည်။
လက်နက်ကြီးများ ထောင်ချီ ပစ်ခတ်ချေမှုန်းပြီးမှ စခန်းသိမ်းသည့် စနစ်ကို ကျင့်သုံးခဲ့ပါသည်။ မနက်ပိုင်း (၄) နာရီမှစတင်လိုက်သော တိုက်ပွဲသည် နေ့လည် (၁၀) နာရီခန့်တွင် ခေတ္တရပ်နားပြိး မွန်းလွှဲတနာရီမှ ညနေ (၅) နာရီအထိ တိုက်ခိုက်ခဲ့ပါသည်။
အစိုးရလက်နက်ကြီးများမှာ မြစ်ကြီးနား-ဗန်းမော် ကားလမ်းရှိအင်တပ်ကုန်းနှင့် ပွိုင့် (၇၇၁) မှ ၁၀၅ မမ၊ ၁၅၅ မမ၊ ဟော်ဝစ်ဇာများနှင့် (၁၂၀) မမ လောင်ချာများဖြင့် ပစ်ခတ်နေပြီး တနာရီလျှင် ကျည်ဆံ တထောင်ကျ နှုန်းဖြင့် ပစ်ခတ်နေ နေဖွယ်ရှိပါသည်။
“ လက်နက်ကြီးကတော့ဗျာ ဘယ်လောက် ပစ်တယ်ဆိုတာ မမှန်းနိုင်တော့ဘူး။ စက်အမြောက်လိုဘဲ။ အလက်ပေါင်း လဲမနည်းဘူး ထင်ပါတယ်။ လေယာဉ်က (၂) ရက်ရှိပြီးမသုံးတာ ဒီခါယာတောင်မှာပေါ့။ ဘယ်လို ရည်ရွယ်ချက် လဲတော့ မသိဘူး။ ဒါပေမဲ့ လက်နက်ကြီးကို ပိုသုံးတယ်ဗျ။ ပြီးတော့ မြေပြင်တပ်ကို အင်အားတိုးပြီး တက်တယ်ဗျ။” ဟု ရှေ့တန်း ရှိ KIA တပ်မှူးတဦးက ဆိုပါသည်။
လိုင်ဇာ အနောက်မြောက်ဖက်ရှိ ခါယာဘွမ် (ပွိင့် ၁ဝ၁၂) တွင် အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသည့် ပြင်းထန်သော ရင်ဆိုင်တိုက်ပွဲများဖြစ်နေသည
အလားတူ KIA တပ်မဟာ ၁ လက်အောက်ခံ ပန်ဝါဒေသ တဝိုက်နှင့် နယ်ခြားမှတ်တိုင် ၅ နှင့် ၆ ကြားဒေသတွင်လည်း မြေပြင်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်နေကြောင်း KIA ရှေ့တန်း တပ်မှုးများက ဆိုပါသည်။ ဖါးကန့်စစ်မျက်နှာအပါဝင်ကျန် သည့်စစ်မျက်နှာ၌ တိုက်ပွဲ အနည်းငယ်သာ ရှိသည်ဟု ဆိုပါသည်။
Saturday, January 26, 2013
ခါယာတောင်ကျော သိမ်းပိုက်ရေး စစ်ဆင်မှု ယနေ့ထိမအောင်မြင်
အစိုးရတပ်များသည်၊ ခါယာတောင်ကျောကို မဒိယန်လမ်းကြောင်းမှ တကြောင်း၊ ၀ိုင်းမော်ပို့စ် လမ်းကြောင်းမှ တကြောင်း နှင့်လုံလောပို့စ်( ပွိုင့် ၇၇၁) မှတကြောင်း သုံးကြောင်းဖြင့် ပြင်းပြင်းထန်ထန်
သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment