Tuesday, January 22, 2013

ခရီးရှည် လမ်းလျှောက်တဲ့သူတွေကို ပဲခူးတိုင်း အ၀င်မှာ ဒေသခံ အာဏာပိုင်တွေက တားမြစ်

ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် ရန်ကုန်မြို့ ကနေ ကချင်ပြည်နယ်လိုင်ဇာအထိ ခရီးရှည် လမ်းလျှောက်တဲ့သူတွေကို ပဲခူးတိုင်း အ၀င်မှာ ဒေသခံ အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။
ရုပ်သံသတင်း - DVB TV News
 
"သမ္မတကြီးက အရပ်ဖတ် လူ့အဖွဲ့အစည်းတွေနဲ့ ဆုံတွေ့ခဲ့တဲ့ ၂၀.၁.၂၀၁၃ မှာ ထပ်ပြောခဲ့တယ်။ငြိမ်းချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ဖို့လိုတယ်တဲ့။ ဟုတ်ကဲ့ အခု ကျောင်းသားလူငယ် ရဟန်းရှင်းလူ ပြည်သူလူထုတွေ ငြိမ်းချမ်းရေးအတွက် ပင်ပမ်းကြမ်းတမ်းမဲ့ ခရီးရှည်ကို ငြိမ်းချမ်းလိုတဲ့ စိတ်တစ်ခုနဲ့ အိမ်မက်ဖို့တောင်ဝေးတဲ့ ခရီးကို သမ္မတကြီးရဲ့ စိတ်ဆန္ဒနဲ့အတူ ပါဝင်နိင်တဲ့ အခန်းကဏ္ဍကနေ ပါဝင် လုပ်ဆောင် နေကြပါပြီ။ အဲဒီအတွက် .... ဒီအမိန့်ကြေငြာချက်နဲ့ ခံဝန် လက်မှတ်ထိုးခြင်းကို စတင်ပြီး ပြည်သူတွေ ရရှိလိုက်ပါပြီ။"

အမိန့်ကြော်ငြာစာ ၂/၂၀၁၃ နေ့စွဲ ၂၁.၁.၂၀၁၃
၁။ပဲခူးတိုင်းအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း တရားဥပဒေ  စိုးမိုးရေး ရပ်ရွာ အေးချမ်း သာယာရေးနှင့် အများပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြူံရေးများ ရှေ့ရှု့၍ အောက်ပါ အမိန့်တစ်ရပ် ထုတ်ပြန် လိုက်သည်။

၂။ပဲခူးမြို့နယ်၊ နယ်နိမိတ်အတွင်း ဥပဒေနှင့်အညီ ဖွဲ့စည်းထားခြင်းမရှိသည့် အသင်းအဖွဲ့(သို့) လူအုပ်စုတို့သည် ဥပဒေနှင့် မညီပဲ စီတန်း လှည့်လည်ခြင်း၊ ဟောပြောခြင်း၊ စီတန်း လမ်းလျှောက်ခြင်းများကြောင့် အများပြည်သူတို့၏ လွတ်လပ်စွာသွား လာနေထိုင်မှုကို နှောက်ယှက်ရာ ရောက်ခြင်း၊ လမ်းမကြီးနှင့် လမ်းသွယ်များတွင် သွားလာနေသူ ခရီးသည်များ ၊ ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များ သွားလာမှု နှောက်နှေး ကြန့်ကြာရာရောက်ခြင်း၊ ဥပဒေမဲ့ စီတန်းလှည့်လည် ဟောပြောသည့် အဖွဲ့နှင့်အတူ  မလိုလားအပ်သည့် ဘေးပရောဂသူများ ပူးပေါင်း ပါဝင်လာနိင်ခြင်း၊ြ ဖစ်ပေါ်လာသည့် လူစုလူဝေးကြောင့်  ရုံကရင်းဆန်ခက်မှုများ၊ ဥပဒေမဲ့ ရမ်းကားမှုများ ဖြစ်ပေးလာနိင်ခြင်းကြောင့် တရားဥပဒေ စိုးမိုးရေးနှင့်  အေးချမ်းသာယာရေး၊ အများပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ထိခိုက်လာနိင်ပါသည်။

"အမိန့် "
၃။ပဲခူးမြို့နယ် အတွင်းရှိ ရပ်ရွာ၊ ကျေးရွာများတွင်ဥ ပဒေနှင့်မညီပဲ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များ၊ အဖွဲ့အစည်း သဏ္ဍန် စုပေါင်းထားသည့် လူအုပ်စု(သို့)လူတစ်စုတို့၏ အာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက် မရှိပဲ မည်သည့်နေရာ အဆောက်အဦး ပရ၀ဏ်များ၊ လမ်းမကြီးများ၊ လယ်သွယ်များနှင့် ကွင်းပြင် ကွက်လပ်များ စသည်နေရာ အသီးသီးတွင် စုဝေးဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ဦးတည်၍ စီတန်းလှည့်လည် သွားလာခြင်းများ မပြုလုပ်ရ။

အထက်အပိုဒ်(၃)ပါ အမိန့်တစ်ရပ်ကို ဖောက်ဖျက်၍ ကျူးလွန်ပါက တည်ဆဲ ဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ကျွန်ုပ် လက်မှတ်ရေးထိုး ထုတ်ပြန်ကျေငြာလိုက်သည်။

ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး
ကျော်ဆွေဝင်း

ပ ၃၈၉၈
=======================================
အဲဒီလို အမိန့်ကြော်ငြာစာကို ငြိမ်းချမ်းရေး လိုလားသူ ငြိမ်းချမ်းစွာ လမ်းလျှောက်နေသူများ သိရှိကြောင်း လက်မှတ် ရေးထိုးခဲ့ရတယ်။ အလံမထောင်ရင် ပဲခူးတိုင်းအတွင်း ငြိမ်းချမ်းရေး အလို့ငှာ သွားလာခွင့်ပြုတယ်လို့ ရဲမှူး ဇော်မင်း ၀၉၈၆၁၇၉၇၄ က နှုတ်ကတိ ပြန်ပေးတယ်။

အခု ငြိမ်းချမ်းရေး လမ်းလျှောက်သူများနှင့် အာဏာပိုင်များကြား နှစ်ဖတ်လုံးက ငြိမ်းချမ်းစွာ ဖြေရှင်း ညှိနှိုင်းခြင်းနဲ့ ပဋိပက္ခတွေကို ကျော်လွှားသွားနေမှုဟာ ဒီမိုကရေစီ အခြေခံတွေကို ပီပီပြင်ပြင် စမြင်နေရတယ်လို့ ခံစားမိတယ်။

အဓိကကတော့ တာဝန်ရှိသူတွေအနေနဲ့ မိမိတို့စကားတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ လိုတယ် ဆိုတာပါပဲ။
===============================================
"မိမိအမြင်သဘောထား"

ငြိမ်းချမ်းရေးအတွက် အစိုးရအနေနဲ့ရော၊KIA အနေနဲ့ရော လိုအပ်ပါတယ်။ လိုချင်ပါတယ် ဆိုတာကို ထပ်တစ်လဲလဲေ ပြာမနေပဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ အရေးကြီး ပါတယ်။

သဘောထားကြီးတယ် ဆိုတာ အင်အားကြီးသူက အင်အားနည်းသူကို သဘောထားကြီးပြမှသာ လောကဓမ္မ အရ တင့်တည်နိင်ပါတယ်။ ငြိမ်းချမ်းရေးအတွက် နယ်မြေ အေးချမ်းရေးအတွက် လိုအပ်မှုအရပါ ဆိုပြီး နိင်ငံသားခြင်း ထိုးစစ်ဆင်ခြင်းကို လုံးဝ နိင်ငံသားတွေအနေနဲ့ လက်မခံနိင် ကြပါဘူး။

ဟိုအကြောင်းပြ ဒီအကြောင်းပြ ဆက်တိုက်ချင်သပဆိုရင်လဲ စစ်ကိုအလိုမရှိတဲ့ ဒေသခံ ပြည်သူလူထုတွေနဲ့ မြန်မာနိင်ငံသူ နိင်ငံသား အားလုံးအတွက်

၁။အပြစ်မဲ့တဲ့ ပြည်သူများ ထိခိုက်နစ်နာမှုများ မရှိစေရန် နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ကျည်လွတ်ရာ စစ်မဲ့ဇုန် တစ်ခုကို စစ်ဖြစ်ပွား နေရာများတွင် သက်မှတ်ပေးပြီး ထို စစ်မဲ့ဇုံဒေသတွင် စစ်မက်ရေးရာ ကိစ္စများ လုံးဝမပြုလုပ်ရန်အတွက် နှစ်ဖတ်တပ်များမှ တာဝန်ခံရန်။

၂။မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် နှစ်ဦးနှစ်ဖတ်စလုံးမှ လေးစား ယုံကြည် အသိအမှတ်ပြု သဘောတူသော စေ့စပ် ညှိနှိုင်းပေးနိင်သည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းများအား အမြန်ဆုံး ရွေးချယ်ကာ ထုတ်ပြန် ကြေငြာပေးရန်။

ဆိုတဲ့ ငြိမ်းချမ်းရေး လိုလားသူများ စဉ်ဆက်မပျက် တောင်ဆိုနေတဲ့ အသံတွေကို နိင်ငံတော်အနေနဲ့ပြည်သူဆန္ဒ လွှတ်တော်ဆန္ဒ ဆောင်ပုဒ်အတိုင်း အမြန်ဆုံး လွှတ်တော်အတွင်း ထည့်သွင်း အတည်ပြု ဆွေးနွေးဆောင်ရွက်ေ စလိုပါကြောင်းရေးသား သိစေအပ်ပါသည်။

ကိုဝေဠု ရန်ုကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်
wai Lu, အင်တာနက်စာမျက်နှာသတင်းမှ 

0 comments: