Thursday, January 10, 2013

ကချင်ဒေသ စစ်ပွဲများ ရပ်ဆိုင်းပေးရန် ဒေသခံပြည်သူများ၏ ဆန္ဒထုတ်ဖော်ပွဲ


မြန်မာ့တပ်မတော် ခေါင်းဆောင်များနှင့် ကေအိုင်အေ ခေါင်းဆောင်များမှ ငြိမ်းချမ်းရေးကို လိုလားကြောင်း ထုတ်ဖော် ပြောဆိုမှုများရှိသော်လည်း စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ကချင်ဒေသစစ်ပွဲများ ရပ်စဲပေးရန် ဒေသခံပြည်သူများ သံဃာတော်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ထင်ရှားသူများ စုပေါင်းကာ တောင်းဆိုမှု ပြုလုပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် ၁၁ မှစတင်ပြီး ရန်ကုန်မြို့ ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်လျက်ရှိသည်။
 
အခမ်းအနားတွင် သံဃာတော်များမှ စစ်ပွဲများ ရပ်စဲရန် ဆုတောင်းပေးခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများက ကချင်ဒေသ စစ်ပွဲများ ရပ်ဆိုင်းပေးရန် နှစ်ဘက်တပ်များအား တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။
 
အခမ်းအနားတွင် ပြည်တွင်းငြိမ်းချမ်းရေး လိုလားသူများမှ တောင်းဆိုခဲ့သည့် အချက်များမှာ  တောင်းဆိုချက်များမှာ အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာ ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းစေရန် နှစ်ဘက်တပ်များ အနေဖြင့် ကျည်လွတ်မြေ စစ်မဲ့ဇုန်တစ်ခုကို သတ်မှတ်ပေးပြီး ထိုစစ်မဲ့ဇုန်တွင် စစ်မက်ရေးရာ ကိစ္စရပ်များ လုံးဝမပြုလုပ်ရန်အတွက် တာဝန်ခံဆောင်ရွက်ရန် ၊ မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ နှစ်ဘက်လက်နက်ကိုင်တပ်များမှ လေးစားယုံကြည် အသိအမှတ်ပြု သဘောတူသော စေ့စပ်ညှိနှုင်းပေးနိုင်သည့် လူပဂ္ဂိုလ်၊ အဖွဲ့အစည်းများ အား အမြန်ဆုံး

Copy from - Eleven Media Group



0 comments: