Sunday, January 6, 2013

ထိုးစစ်ရပ် ပြီး ရွာ မီးရှို့

January 5, 2013
 
ဇန်န၀ါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှ ယနေ့ ၅ရက်ထိ နှစ်ရက်ဆက်တိုက် မြန်မာအစိုးရ စစ်တပ် ထိုးစစ်ဆင်မှု ရပ်သန့်နေပြီး ရင်ဆိုင်တိုက်ပွဲများလဲ ရပ်သန့်နေခဲ့သည်။


သို့သော်...

ဒေါဖုန်းယန် မြို့နယ်ခွဲ၊ မြန်မာ အစိုးရ အထက်တန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းလဲရှိတဲ့၊ နမ်ဆန်ယန်ရွာမှ ကချင်အိမ် ၁၅ အိမ် သီးသန့်ရွေးပြီး မြန်မာစစ်တပ်မှ ဒီနေ့ (Jan 5)ပဲ မီးရှို့ပေးလိုက်တယ်လို့ ဓါတ်ပုံနဲ့ တကွ သိရပါတယ်။

နမ်ဆန်ယန်ရွာဟာ ကချင်၊ ရှမ်း၊ ဗမာ၊ တရုတ် လူမျိုးများ ရောနှောနေထိုင်နေတဲ့ မြို့နယ်ခွဲအဆင့်ရှိတဲ့ ရွာကြီး ဖြစ်ပါတယ်။ အစိုးရ စစ်တပ်ထိုင်တဲ့ ရွာလဲ ဖြစ်ပါတယ်။

ဒါတွေကြောင့် နိုင်ငံတကာ သတင်းမီဒီယာများကို မ၀င်ခိုင်းခြင်း ဖြစ်ပါလိမ့်မယ်။ သူတို့ လုပ်ချင်ရာ လုပ်လို့ မရမှာ စိုးလို့ပါ။

 
Copy from - kachinduwa

0 comments: