Friday, January 18, 2013

ဗန်းမော်မြို့တွင် ဗုံးပေါက်ကွဲ

ဗန်းမော်မြို့တွင် ဗုံးပေါက်ကွဲ
Photo: ဗန်းမော်မြို့တွင် ဗုံးပေါက်ကွဲ

ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်အနီး ကားလမ်းပေါ်တွင် ဇန်န၀ါရီလ(၁၇)ရက်နေ့ ညနေ ၅ နာရီအချိန် ခန့်တွင် ဗုံး ၁ လုံးပေါက်ကွဲသဖြင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

ဤကဲ့သို့ အရပ်သားများ နေ့စဉ်သွားလာနေသောအရပ်တွင် မိုင်းထောင်ခြင်းသည် KIA ကို အကြမ်းဖက်အဖွဲ့ အဖြင့် စွပ်စွဲရန် မြန်မာအစိုးရတပ်ဖွဲ့၏ အစီအမံများဖြစ်သည်ဟု ဗန်းမော်ဒေသခံများက ပြောဆိုလျက်ရှိသည်။ KIA တပ်ဖွဲ့ဝင်များသည် ယခုအချိန်၌ ဗန်းမော်မြို့တွင်းသို့ဝင်ရောက်ရန် မဖြစ်နိုင်သကဲ့သို့ နေ့ခင်းဘက် မိုင်းပေါက်ကွဲခြင်းသည်မှာလည်း နယ်ခံမြန်မာအစိုးရတပ်ဖွဲ့များ၏ လက်ချက်သာဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။

ဗုံးပေါက်ကွဲရာအနီးတွင် မြန်မာအစိုးရစစ်တပ်ရင်းများ တည်ရှိသည်။ ယခုအချိန်တွင် စစ်တပ်ကိုအားပေး အားမြောက်ပေးနေသူအစုအဖွဲ့သည် 
KIA ကို သိက္ခာချသည့်အစီအစဉ်အမျိုးမျိုး ပြုလုပ်နေလျက်ရှိသည်။Myawady News

 
ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်အနီး ကားလမ်းပေါ်တွင် ဇန်န၀ါရီလ(၁၇)ရက်နေ့ ညနေ ၅ နာရီအချိန် ခန့်တွင် ဗုံး ၁ လုံး ပေါက်ကွဲသဖြင့် အရပ်သား ၂ ဦး ထိခိုက်သေဆုံးကာ ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။
 
ဤကဲ့သို့ အရပ်သားများ နေ့စဉ် သွားလာနေသော အရပ်တွင် မိုင်းထောင်ခြင်းသည် KIA ကို အကြမ်းဖက်အဖွဲ့ အဖြင့် စွပ်စွဲရန် မြန်မာအစိုးရတပ်ဖွဲ့၏ အစီအမံများဖြစ်သည်ဟု ဗန်းမော် ဒေသခံများက ပြောဆိုလျက် ရှိသည်။ KIA တပ်ဖွဲ့ဝင်များသည် ယခုအချိန်၌ ဗန်းမော်မြို့တွင်းသို့ ၀င်ရောက်ရန် မဖြစ်နိုင်သကဲ့သို့ နေ့ခင်းဘက် မိုင်းပေါက်ကွဲခြင်း သည်မှာလည်း နယ်ခံ မြန်မာအစိုးရ တပ်ဖွဲ့များ၏ လက်ချက်သာ ဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။
 
ဗုံးပေါက်ကွဲရာ အနီးတွင် မြန်မာအစိုးရ စစ်တပ်ရင်းများ တည်ရှိသည်။ ယခုအချိန်တွင် စစ်တပ်ကို အားပေး အားမြောက် ပေးနေသူ အစုအဖွဲ့သည် KIA ကို သိက္ခာချသည့် အစီအစဉ်အမျိုးမျိုး ပြုလုပ်နေလျက် ရှိသည်။
 
နားလုံကျေးရွာ ကချင်ရပ်ကွက်ကို အစိုးရတပ်မှ မီးရှို့ဖျက်ဆီး
=================================
ဇန်န၀ါရီလ(၁၇)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်ခန့် တွင် ဒေါ့ဖုန်းယန်မြို့နယ်၊ နားလုံကျေးရွာတွင် ကချင်လူမျိုးများ အများစုနေထိုင်ရာ ရပ်ကွက်များကို မြန်မာအစိုးရတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။ နားလုံကျေးရွာသည် ရှမ်းလူမျိုးများ အများစုနေထိုင်ရာ ရွာကြီးဖြစ်ပြီး ယခုကဲ့သို့  ကချင်လူမျိုးများ အများစု နေထိုင်ရာ ရပ်ကွက်ကိုသာ ရွေးချယ်ပြီး မီးရှို့ ခြင်းသည် အတူနေရှမ်းတိုင်းရင်းသား နှင့် ကချင်တိုင်းရင်းသားအကြား သွေးခွဲရန်တိုက်ပေးမှုသက်သက်သာဖြစ်ကြောင်း ဒေသခံများပြောဆိုနေကြပါသည်။
(ဓါတ်ပုံ ဗမာ စစ်တပ်မှ(5/1/2013)၌ နမ်ဆန်ယန်ကျေးရွာအားမီးရှို့နေစဉ်)
နားလုံကျေးရွာကို မီးရှို့ဖျက်ဆီး
 
ဇန်န၀ါရီလ (၁၇)ရက်နေ့ မွန်းလွဲ(၃)နာရီ အချိန်တွင် ဒေါ့ဖုန်းယန်မြို့နယ်၊ နားလုံကျေးရွာ (ကချင်အပိုင်း)ကို မြန်မာအစိုးရ တပ်ဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့သည်။ နားလုံ ကချင်အပိုင်းကို မီးရှို့ခြင်းသည် အတူနေ ရှမ်းတိုင်းရင်းသား နှင့် ကချင်တိုင်းရင်းသားအကြား သွေးခွဲ ရန်တိုက်ပေးမှုဖြစ်သည်။

 
 
Photo: နမ်ဆန်ယန်ကျေးရွာ မီးထပ်မံရှို့ခံရ

January 17,2013 post by Myitkyina News 

ဇန်န၀ါရီလ(၁၇)ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ၀ိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာကို မြန်မာအစိုးရ တပ်ဖွဲ့များက မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။ နမ်ဆန်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ် ကြဂုတ်လ မှစတင်ကာ မြန်မာအစိုးရတပ်ဖွဲ့မှ ကြိုက်သလိုထင်တိုင်းကြဲခံနေရသော ကျေးရွာဖြစ်သည်။

 လွန်ခဲ့သည့်ကာလ တွင် ဈေးဆိုင်တန်းများ၊ တည်းခိုးရိပ်သာများ၊ ထမင်းဆိုင်များ အစီအရီတည်ရှိကာ မြစ်ကြီးနား-ဗန်းမော် သွားခရီးသည်များ ခရီးတစ်ထောက်နားလေ့ရှိသည့် ကျေးရွာဖြစ်သည်။ မြန်မာအစိုးရတပ်များ စစ်ကြောင်း ၀င်ရောက်လာကာ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဈေးဆိုင်များမှပစ္စည်းများ အဓ္ဓမယူဆောင်ခြင်း၊ နေအိမ်များကိုမီးရှို့ခြင်း အကြိမ်ကြိမ်ခံခဲ့ရသောကျေးရွာဖြစ်သည်။ ယနေ့မီးရှို့ခံရခြင်းဖြင့် လူနေအိမ်အားလုံး ကုန်ဆုံးသွားဖွယ်ရှိကြောင်း သိရှိရသည်။
နမ်ဆန်ယန်ကျေးရွာ မီးထပ်မံရှို့ခံရ
ဇန်န၀ါရီလ(၁၇)ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် ၀ိုင်းမော်မြို့နယ်၊ နမ်ဆန်ယန် ကျေးရွာကို မြန်မာအစိုးရ တပ်ဖွဲ့များက မီးရှို့ ဖျက်ဆီးနေကြောင်း သိရှိရသည်။ နမ်ဆန်ယန်ကျေးရွာသည် ၂၀၁၁ ခုနှစ် ကြဂုတ်လ မှစတင်ကာ မြန်မာအစိုးရ တပ်ဖွဲ့မှ ကြိုက်သလို ထင်တိုင်းကြဲခံနေရသော ကျေးရွာဖြစ်သည်။
 
လွန်ခဲ့သည့်ကာလ တွင် ဈေးဆိုင်တန်းများ၊ တည်းခိုးရိပ်သာများ၊ ထမင်းဆိုင်များ အစီအရီ တည်ရှိကာ မြစ်ကြီးနား-ဗန်းမော် သွားခရီးသည်များ ခရီးတစ်ထောက် နားလေ့ရှိသည့် ကျေးရွာဖြစ်သည်။ မြန်မာ အစိုးရတပ်များ စစ်ကြောင်း ၀င်ရောက်လာကာ အရပ်သားများကို ပစ်ခတ် သတ်ဖြတ်ခြင်း၊ ဈေးဆိုင်များမှ ပစ္စည်းများ အဓ္ဓမ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း အကြိမ်ကြိမ် ခံခဲ့ရသော ကျေးရွာဖြစ်သည်။ ယနေ့ မီးရှို့ခံရခြင်းဖြင့် လူနေအိမ်အားလုံး ကုန်ဆုံးသွားဖွယ် ရှိကြောင်း သိရှိရသည်။
 
Copy from - myitkyina

0 comments: