ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက် ကျောင်းသားများသည် ယနေ့ ( ဇန်န၀ါရီလ၊ ၁၅ ရက် ) ဒေသ စံတော်ချိန် နံနက် ၁၀း ၀၀ နာရီက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင် တပ်မတော် ဌာနချုပ်သို့ ရောက်ရှိခဲ့ကြပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံးရှိ အစည်းအဝေး ခန်းမတွင် Commanding General , Lt. General Emmanuel T Bautista အပါအ၀င် ဖိလစ်ပိုင် တပ်မတော် အရာရှိကြီးများနှင့် တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုကိုကြီးက တက်ရောက်လာကြသူ တစ်ဦးချင်းနှင့် မိတ်ဆက်ပေးခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ တပ်မတော်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဖော်ဆောင်နေမှုများနှင့် ပတ်သက်၍ Secretary Army General Staff ဖြစ်သည့် Col. Gilbert I Gapay က ရှင်းလင်း တင်ပြခဲ့သည်။ ယင်းတင်ပြချက်များအပေါ် ၈၈မျိုးဆက် ကျောင်းသားများ၏ ပြန်လှန် မေးမြန်းချက်များကို ဖိလစ်ပိုင်တပ်မတော်၏ သက်ဆိုင်ရာဌာန အသီးသီးမှ တပ်မတော်အရာရှိကြီးများနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က ပြန်လည် ဖြေကြားပေးသွားခဲ့သည်။
၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင်က နှုတ်ဆက် စကားပြောကြားခဲ့ပြီး၊ ဖိလစ်ပိုင် တပ်မတော်မှ Lt. General Emmanuel T Bautista က နှုတ်ဆက် စကား ပြန်လည် ပြောကြားခဲ့သည်။တွေ့ဆုံပွဲ အခမ်းအနားကို နံနက် ၁၂း ၀၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြသည်။
Copy from - 88 Generation Students
0 comments:
Post a Comment