Tuesday, January 8, 2013

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း (လုံးဝ) ဖျက်သိမ်းရေး ဒေသခံပြည်သူများ ဆက်လက် တောင်းဆို တိုက်ပွဲဝင်(ရုပ်သံ)

 
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း (လုံးဝ)ဖျက်သိမ်းရေး သပိတ်စခန်းမှ သပိတ်စခန်းဖွင့်သော (၂၆)ရက်မြောက်နေ့တွင် ပြုလုပ်သော အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။ အစည်းအဝေးသို့ ဆည်တည်းကျေးရွာ၊ တုံအုပ်စုမှ ရွာမ- ရွာသစ်- အလယ်တော- ထန်းတော- တောကျောင်း- အလယ်ရွာ (၆)ရွာ၊ အလယ်ရွာကျေးရွာ မိုးကြိုးပြင် တောင်ရွာ၊ အလယ်ရွာ၊ မြောက်ရွာ (၃)ရွာ၊ ဇီးတောကျေးရွာ၊ ကျောင်ဖြူတိုင်၊ ဖောင်းကား တောင်ရွာ-အလယ်ရွာ (၂)ရွာ၊ ကျော်ရွာ၊ လယ်တီကျေးရွာ မှ ဒေသခံ သံဃာတော်များနှင့် ပြည်သူ အင်အား (၅၀၀)ကျော် တက်ရောက်ကြသည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အတွက် ဆက်လက်လုပ်ဆောင်မည့် ရှေ့
လုပ်ငန်းစဉ်များကို ဆွေးနွေးသည့် အစီအစဉ်ကို (၁) အစည်းအဝေး အခမ်းအနား ဖွင့်လှစ်ခြင်း (နမောသတ္တ သုံးကြိမ်းရွတ်ဆို၍ ဖွင့်လှစ်ခြင်း) (၂)။သံဃာတော်များမှ သြ၀ါဒ စကားပြောကြားခြင်း (၃)။စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ (၃၁.၁.၂၀၁၃)နေ့ ဆုံးဖြတ်နိုင်သည့် အပေါ် ကြိုတင် ညှိနှိုင်းဆွေးနွေးခြင်း (၄)။ဆုံးဖြတ်ချက်များ ချမှတ်ခြင်း (၅)။အစည်းအဝေး အစီအစဉ် ပြီးဆုံးခြင်း ဖြင့် ကျင်းပခဲ့သည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးသည် ဒေသခံပြည်သူများ၏ ချွင်းချက်မရှိသော တောင်းဆိုမှုဖြစ်သည်။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းမှသာ သပိတ်စခန်းများ ဖွင့်လှစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုမှုများလည်း နောက်ဆုတ်မည်ဖြစ်ကြောင်းကို ဒေသခံများမှ ဆုံးဖြတ်ချက်ချခဲ့သည်။

လက်ပန်တောင်းတောင် ဒေသကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပုဒ်မ-၁၄၄ ထုတ်ပြန်ခြင်းကို ဒေသခံ တောင်သူများမှ ဆားလင်းကြီး ရဲစခန်းတွင် အမှုဖွင့်ခြင်းကို ရဲအုပ်-လှငွေ က အမှုမဖွင့်ပေးသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်မှ ပုဒ်မ-၁၄၄ ကို (၁.၁.၂၀၁၃-မှ- ၂၈.၂.၂၀၁၃-ထိ) ထပ်မံ ထုတ်ပြန်ခဲ့သည်။ မြန်မာ့စီးပွားရေး ဦးပိုင် လီမီတက် နှင့် မြန်မာ ၀မ်ပေါင် ကော့ပါး မိုင်းနင်း လီမီတက် တို့ကို အမှုဖွင့် ထားမှုကိုလည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသေးပါ။


Copy from - 8888peopletoday.net

0 comments: