Thursday, January 24, 2013

ကချင်ကို အပြတ်တိုက်ဖို့ကို အားလုံးလိုလိုက သဘောတူဆုံးဖြတ်ချက်ချထားတယ်ဆိုတာ

Sim sa ngwi pyaw u ga
 
(ကချင်ကို အပြတ်တိုက်ဖို့ကို အားလုံးလိုလိုက သဘောတူဆုံးဖြတ်ချက်ချထားတယ်ဆိုတာ တဖြည်းဖြည်းနဲ့ - ပြောပါများ စကားရ၊ စကားထဲက ဇာတိပြ- ဆိုသလို ပေါ်လာပြီ)

"ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက KIA ကို အပြီးသတ် ချေမှုန်းပြီးမှသာ ငြိမ်းချမ်းရေး တည်ဆောက်သင့်ကြောင်း တင်...ပြဆွေးနွေးခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ်တွေက ဧရာဝတီကို ဒီညနေမှာ ပြောပါတယ်။

အမေရိကန်နဲ့ ဂျပန်နိုင်ငံ အကြားမှာလည်း ဗုံးကြဲချေမှုန်းပြီးမှ ချစ်ကြည်ရေး တည်ဆောက်နိုင်ခဲ့တဲ့အကြောင်း၊ အလားတူပဲ သီရိလင်္ကာ နိုင်ငံမှာလည်း တမီလ်သူပုန်တွေကို အစိုးရက အပြတ်ချေမှုန်းပြီးမှ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ပုံတွေကို စစ်အရာရှိဟောင်းဖြစ်တဲ့ ဦးလှဆွေက ဥပမာ ပေးပြီးဆွေးနွေးသွားတယ်လို့ ဆိုပါတယ်။ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ် အများစုကလည်း ဦးလှဆွေလိုပဲ သဘောထား တထပ်တည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

( Irrawaddy )

0 comments: