Saturday, January 26, 2013

အိမ်ခြေ (၁၀၀၀) ကျော်ရှိ နန်ဆန်ယန်ကျေးရွာ ဗမာအစိုးရ စစ်တပ်မှ မီးရှို့ဖျက်ဆီးခံရ...

ဗမာအစိုးရ စစ်တပ်မှ နန်ဆန်ယန်ကျေးရွာကို မီးရှို့ဖျက်ဆီး
ဇန်ဝါရီ (၂၅) သောကြာ

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ် မြေဖြစ်သော မြစ်ကြီးနား - ဗန်းမော်လမ်း ပေါ်ရှိ နန်ဆန်ယန် ကျေးရွားကို ဗမာအစိုးရ စစ်တပ်မှ မီးရှို့ဖျက်ဆီးလျက်ကြောင်း သတင်းရရှိပါသည်။

ဗမာစစ်တပ်များသည် နန်ဆန်ယန်ကျေးရွာရှိ ပြည်သူများ၏ နေအိမ်များကို တစ်ဖြေးဖြေး မီးရှို့ဖျက်ဆီးလာရာ ယနေ့ နန်ဆန်ယန် တစ်ရွာလုံး မီးလောင်ပြာကျသွားပြီဖြစ်ကြောင်း သိရှိရပါသည်။

နန်ဆန်ယန်ကျေးရွာသည် အိမ်ခြေ (၁၀၀၀) ကျော်ရှိပြီး မြစ်ကြီးနား - လိုင်ဇာ၊ ဗန်းမော် သွားခရီးသွား ပြည်သူများ လမ်းခရီး တစ်ထောက် စားသောက် နားနေသောရွာကြီး တစ်ရွာဖြစ်ပါသည်။ ယခုအခါ နန်ဆန်ယန်ရွာတွင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းသာ ကျန်ရှိ တော့ကြောင်း ဆက်လက် သိရှိရပါသည်။
 
Copy from - Jinghpaw kasa

0 comments: