Friday, January 11, 2013

ထိုးစစ်ဆင်နေမှုတွေ မရပ်ပါက ကချင်တွေရဲ့ ဗမာမုန်းတီးရေး ဖြစ်လာနိုင်ဘွယ်ရှိ ...

စစ်ပွဲက အချိန်တစ်ချိန်ရှိလာပြီဗျ၊ အမှန်ပြောရရင် ရပ်သင့် တယ်လို့ထင်ပါတယ်၊ အထူး သဖြင့် ထိုးစစ်ဆင်နေတာက ဗမာတပ်လေ၊ KIA က ခံစစ်ဆင်နေတဲ့ တပ်ကို၊ သူမရပ်ပဲ ဆက်ထိုးရင်တော့ ဒီ့ထက် ဆိုး ကျိုးတွေ အများကြီး မြင်ရမယ်။

တစ်အချက်က အမျိုး သားရေး ပြသနာကြီး ပေါ်လာတော့မယ်၊ ကချင်တွေရဲ့ ဗမာမုန်းတီးရေး စိတ်ဓါတ်တွေ ကိန်းအောင်းလာတော့မယ်၊ ဗမာတပ်က ရှေ့ကပြင်ထိုးနေတယ်ဆိုရင် သူတို့ နောက်တန်းတပ်တွေကို ကေအိုင်အေက ပြန်ထိုးလို့ရတယ်၊ ဝင်တိုက်ရမှာ၊ ဒါပေမယ့် အခု ကေအိုင်အေကမထိုးဘူး။ အဲလို မြို့ပေါ် တိုက်ပွဲတွေ ဖြစ်လာရင် အရပ် သားတွေ သေကြေမှု၊ ဒုက္ခ သည်တွေ အများကြီး ဖြစ်လာလိမ့်မယ်။

ဟိုတုန်းက ကရင်-ဗမာ အင်းစိန် တိုက်ပွဲ အပြီး မြင်ရတဲ့အဖြစ် အပျက်တွေမျိုး ခင်ဗျားတို့ မြင်ရ ကြားရတော့မှာ။ ဗမာ တပ်တွေ အနေနဲ့ လုပ်သင့်တာက စစ်အရှိန်လျော့၊ နိုင်ငံရေးအရ စကား ပြောနိုင်အောင် ကြိုးစား၊ ပြောချင်ရင် ပြော လို့ ရရမှာပေါ့။ အဖြေ ရှိရမှာပေါ့။ ခိုင်မာတဲ့ ကတိကဝတ် တွေပေး။ ပြသနာ ဖြစ်ထားရင် ပြသနာကို ရှင်းနိုင်မယ့် အ ဖြေ ရှိကို ရှိရမယ်။

အခု အနေအထားမျိုး ဗမာ တပ်ကဆက်ထိုးနေမယ်ဆိုရင် ကျွှန်တော် မြင်ယောင်တာတော့ ခင်ဗျားတို့ မကြာခင် ကြား ရမှာပါ၊ ကချင်ပြည်နယ်က မြို့ကြီးတွေရဲ့ ဘယ်မြို့တွေမှာ မြို့ပေါ်တိုက်ပွဲတွေ ဖြစ်လာတော့မယ်၊ အဲဒါ ဆိုရင် အရင် တုန်းကနဲ့ မတူတဲ့ ပြသနာတွေက အမျိုးသားရေး ပြသနာက ပိုကြီးထွားလာမယ်၊ ရထားတဲ့ ငြိမ်းချမ်းရေး အရှိန်လည်း ပျောက်သွားလိမ့်မယ်။

မြို့တွင်း မုန်းတီးမှုကြောင့် သတ်ဖြတ်မှုတွေဖြစ်လာလိမ့်မယ်၊ ခင်ဗျားတို့ ကြားမိလား မသိဘူး၊ ကရင်-ဗမာ အင်းစိန် စစ်ပွဲ အပြီး ဖြစ်ခဲ့တဲ့ ပြွှန်တာဆာ၊ ဒိုက်ဦး၊ ဖြူး တို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်မျိုး ဖြစ်လာခဲ့ရင် ကရင် ကိစ္စ တောင်မှ နှင်ပေါင်း (၆၀) လောက်လုံးပန်းလာရတယ်။ ကချင်ကိစ္စထပ်ဖြစ်လာရင် ကျွှန်တော်တို့ တိုင်းပြည် တိုးတက် ရေးက အဝေးကြီး ဖြစ်သွားလိမ့်မယ်။

( တရုတ်နိုင်ငံ အခြေစိုက် စစ်ရေး အကဲ ခတ် ဦးအောင်ကျော်ဇော )

0 comments: