
တကယ်လို့ ကချင်အများစုက ခွဲထွက်ချင်တယ် ဆိုရင်တောင်သူတို့တရားပါတယ် .. ကျနော်တို့ကသာ တအူတုံဆင်း ညီကိုမောင်နှမရင်းတွေလို့ ပြောပီး ဆွဲစိနေရတာ တကယ်တော့ ဆိုင်တယ်လို့ ပြောလို့ရသလို ဘာမှ မဆိုင်ဘူးလို့လဲ ပြောလို့ ရပါတယ် (အဲလိုပြောရတဲ့အတွက် ဝမ်းနဲပါတယ်)အဲလို ညီကိုမောင်နှမ ပြောကြေးဆို ထိုင်းတွေ ကမ္ဘောဒီယားတွေ လာအိုတွေလဲ ကျနော်တို့ ညီကိုမောင်နှမတွေ ပေါ့ ကဲဒါဆို ဟုတ်ပီ ထိုင်းနိုင်ငံကြီး ခွဲထွက်နေ တာ မလိုချင်ဘူး သိမ်းကွာ ကမ္ဘောဒီးယား မလိုချင်ဘူး တက်သိမ်း အဲလိုတွေ လုပ်လို့ရတဲ့ ပုံစံဖြစ်ကုန်မှာပေါ့ ကျနော်တို့ဟာ ပင်လုံစာချုပ်အ ရ အတူတကွ လွပ်လပ်ရေး ယူခဲ့သူတွေ ဖြစ်တဲ့အတွက် တနိုင်ငံထဲ ခုလို လာဆုံကုန်တာပါ..
ကချင်တွေပဲ ဖြစ်ဖြစ် ကရင်တွေ ရ
(ဘာကြောင့်လဲဆိုတာ လေ့လာကြည့်ပါ) အရင်ခေတ်က တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ရှိခဲ့တယ်ဆိုတာ ကျန်စစ်သားမင်း လက်ထက်လို့ ပြောတာကြားဖူးပါတယ် အထောက်အထား မရှိပါဘူး ကျန်တဲ့အချိန်တွေကတော့ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲတဲ့အခါကြဲ သမီးပေးသမက်ယူ တည့်တဲ့အခါတည့် အဲလို အုပ်ချုပ်သူလူတန်းစား လောက်ပဲ အပေးအယူ လုပ်ခဲ့တာပါ အဲဒါကြောင့် တိုင်းရင်းသား စည်းလုံးရေးကို အင်္ဂလိပ်က ဖြိုခွဲခဲ့တာ လုံးဝမဟုတ်ပါဘူး အစထဲက စည်းလုံးမှုမရှိတဲ့ဟာကိုမှ စည်းလုံးသွားမှာစိုးလို့ သပ်လျှိုလိုက်တာပါလို့ တိုင်းရင်းသားအရေးကျွမ်းကျင်သူ များကဆိုပါတယ် ဘာကြောင့်သပ်လျှိုရလဲ ရှင်းပါတယ် ညီညွှတ်သွားရင် ကိုလိုနီစနစ် ပြိုကွဲသွားမှာကြောက်လို့ပါ ပဲ ဒီလိုပဲ
ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ စစ်အာဏာရူးတွေကလဲ အဲဒီ ကျင့်စဉ်ကိုပဲ တခါထပ်ကျင့်သုံးပါတယ် ဘာကြောင့် ကျင့်သုံးရလဲဆိုတော့ အကုန်ညီညွှတ်နေရင် စစ်အာဏာရှင်စနစ် ပြိုကွဲမှာေ ကြာက်လို့ပါပဲ အင်္ဂလိပ်လက်ထပ်က စခဲ့တဲ့ လူများစုမြန်မာနဲ့ တိုင်းရင်းသာ မျိုးနွယ်စုတွေ ကြား သပ်လျှိုမှုဟာ ဘယ်လောက်အထိ ကြီးမားလာလဲဆို အခုအခါမှာ တိုင်း၇င်းသားတွေက ( မြန်မာ အခေါ် ဗမာဆိုရင် သိသိမသိသိ ခါးခါးသီးသီး မုန်းတီလာတဲ့အထိပါပဲ) ခုခေတ်လူငယ် တချို့ကတော့ ဒါတွေ မသိပါဘူး ဘာကြောင့် မုန်းနေရလဲ ဘလိုင်းကြီးမုန်းရကောင်းလား ဆိုပီး အပြစ်တင်ချင်ကြပါတယ် အဖြေကို ဖြေရှင်းဖို့ မကြိုးစားပဲ မုန်းရကောင်းလားဆိုပီး တဖန်ပြန်မုန်းတီးမှုတွေဟာ ဖြစ်လာပါတယ် ..ဒါဟာ အာဏာရှင် သက်စိုးရှည်ဖို့ မရည်ရွယ်ပဲ အထောက်အကူ ပြုနေမိတာပါပဲ....
ဗိုလ်နေဝင်း ခေါင်းဆောင်တဲ့ စစ်အာဏာရူးတွေကလဲ အဲဒီ ကျင့်စဉ်ကိုပဲ တခါထပ်ကျင့်သံ
ကျနော်တို့ဟာ တကယ်ပြည်ထောင်စုကို တည်ထောင် ချင်တယ်ဆိုရင် လုပ်ကြံဝါဒဖြန့်မှုတွေကို ရပ် တန်းကရပ်ရမယ် ရိုးသားမှု ရှိရမယ် သတင်းတွေကို မလိုအပ်ပဲ ထိန်ချန်မထားသင့်ဘူး ဒါတွေဟာ တစ်ဖက်နဲ့ သံသယတွေကို အကြီးအကျယ်ပွားစေ တဲ့ ကိစ္စတွေပါ တိုင်းရင်းသားတွေနဲ့စစ်ပွဲေ တွ ဘာကြောင့်ရှည်ကြာလာရလဲဆို တာ အဲဒီအချက်တွေ အများကြီးပါပါတယ် အစိုးရအဆက်ဆက်ဟာ မရိုးသားခဲ့ဘူး လိုတမျိုးမလိုတမျိုး အကြီးအကျယ် ဝါဒတွေဖြန့်ခဲ့တယ် ရုပ်ရှင်တွေ တွေမှာကအစ အမျိုးမျိုးလိမ်ခဲ့တယ် .အခုတော့ ဘာဖြစ်လာလဲဆိုတော့ ကြာတော့ တိုင်းရင်းသားတွေက မယုံတော့ဘူး လိမ်ဦးမှာပဲလို့ ထင်နေတယ် ဦးအောင်မင်းက ဘယ်လိုလေပြေလေးနဲ့ ပြောပြော နောက်က သေနတ်ကို မြင်မြင်နေတယ် အဲဒါကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ ရလဒ်တွေဟာ အင်မတန်ကို နှေးကွေးနေတယ် ..
ဒါဟာ ဘယ်သူမပြုမိမိမှုပဲ အခုလက်ရှိ တကယ်အမှန်အကန် စေတနာမေတ္တာ ဘယ်လိုပဲထားသည် ဆိုစေဦင်္းတော့ တိုင်းရင်းသား အဖွဲ့စည်းများ ဟာ အကြိမ်ကြိမ်အလီလီ တမျိုးပီးတမျိုး လုပ်ကြံ အပြောခံထားရတဲ့အတွက် ယုံကြည်ဖို့ ခက်ခဲနေတယ်ဆိုတာ ကို အစိုးရအဖွဲ့နဲ့ တကွ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက်တိုင်းရင်းသား အဖွဲ့တွေ ကို အပြစ်ဖို့နေသူတွေ နားလည်လ က်ခံ သဘောတူထားဖို့လိုပါတယ် .. ယုံကြည်မှု ပျက်ပြားနေပီဖြစ်တဲ့အတွက် ယုံကြည်မှု တည်ဆောက်ရပါဦးမယ် ယုံကြည်မှု တည်ဆောက်ဖို့ဆိုရင် မယုံကြည်နိုင်လောက်တဲ့ အပြုအ မူတွေကို ရှောင်ရှားရပါမယ် လိုတမျိုး မလိုတမျိုးအပြောတွေကို ရပ်ရပါမယ် ( ကျနော် အကျယ် ရေးသားထားတာ ရှိပါတယ် မအားလို့မတင်ဖြစ်တာပါ အခုရေးလိုက်တာကတော့ မြင်တွေ့နေရတဲ့ အရေးအသားတွေကို ဘယ်လိုမှ သီးခံကြည့်မနေနိုင်တော့လို့ ဝင်ပြောမိတာပါ မကြာခင်မှာ အကျယ်ရေးထားတဲ့ ပိုစ့်တစ်ခုတင်ပါမယ် အခုနဲနဲပြောလိုက်ရလို့ နေသာထိုင်သာတော့ရှိသွားပီ)
0 comments:
Post a Comment