Thursday, January 17, 2013

အင်အားရှိမှ တန်းတူဆွေးနွေးနိုင်မယ်

ကာတွန်း - ဟန်လေး ,လက်ယာ
 
U.N.F.C. နဲ့ Non - U.N.F.C. တိုင်းရင်းသား အဖွဲ့အစည်းများ တစ်သံထဲ ထွက်လာတဲ့ အရိပ်အယောင်ကို တွေ့ရတယ်။ ကချင် ထိုးစစ်ကို ဆန့်ကျင်ကြောင်း ကျေညာချက် ထုတ်လာတာကို တွေ့ရမှာဖြစ်တယ်။

တိုင်းရင်းသား လူမျိုးများ အားလုံးအနေနဲ့ တဇွတ်ထိုး အစိုးရနဲ့ နွားသိုးကြိုးပြတ် တပ်မတော်ကို တန်းတူရည်တူ ဆက်ဆံခွင့် ရမှာမဟုတ်ကြောင်း နားလည်ထားဖို့ ကောင်းနေပြီ။ အရက်ခွက် အတူမြှောက်တာ၊ စားပွဲတစ်ခုပေါ်မှာ အတူထိုင်တာ၊ တိုင်းရင်းသား အင်ကျီဝတ်ပြတာတွေကို  တန်းတူရေးလို့ ထင်နေကြရင် အစိုးရ မီဒီယာတွေက ဝါဒဖြန့်လို့ ကောင်းနေမှာပဲ။

တိုင်းရင်းသား လူမျိုးများအနေနဲ့ ဒီချုပ် ချဉ်းကပ်တဲ့ လမ်းစဉ်ကို နားလည်ပေးလို့ ရတယ်။ ဒါပေမဲ့ ဒီချုပ်လောင်း ရိပ်အောက်ကိုလည်း မဝင်မိဖို့ အရေးကြီးတယ်။ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့တဲ့ကတိ၊ ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ကိုတောင် ပျက်အောင် သူတို့ ဖျက်ခဲ့ကြပြီပဲ။ သမိုင်းကျေပါ။ ကျော့ကွင်းကို မမေ့ပါနဲ့။ တန်းတူ ညီမျှစွာ ဆွေးနွေးဖို့ ဆိုရင် အင်အားလည်း တန်းတူရှိမှ ဖြစ်မယ်ဆိုတာ နားမလည် ကြသေးဘူးလား။

( Ven Ravika )

0 comments: